#World_News
Published 03 June 2025

▪️ တနင်္လာနေ့က အစ္စတန်ဘူလ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ရုရှားညှိနှိုင်းသူများက အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းထံ ရွေးချယ်စရာနှစ်ခု ပေးလိုက်ကြောင်း ရုရှားနိုင်ငံမှ မီဒီယာက ဖော်ပြခဲ့ပါတယ်။

▪️ RIA သတင်းဌာနရဲ့ ဖော်ပြချက်အရ ပထမရွေးချယ်စရာက ရုရှားတို့သိမ်းပိုက်ထားတယ်လို့ ကြွေးကြော်ထားတဲ့ နယ်မြေ ၄ ခုထံကနေ ယူကရိန်းတပ်အားလုံး အပြီးအပိုင် ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။

▪️ ဒုတိယရွေးချယ်စရာမှာတော့ အခြေအနေအများအပြား ပါဝင်နေတဲ့ သဘောတူညီချက်ပေါင်းချုပ် ဖြစ်လာနိုင်ပါတယ်။

▪️ ရုရှားနဲ့ ယူကရိန်းတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယအကျော့ဟာ စတင်ပြုလုပ်ပြီး တစ်နာရီမရှိခင်မှာပဲ ပြီးဆုံးခဲ့တယ်လို့ တူရကီအရာရှိများက ဆိုပါတယ်။

▪️ တစ်ကမ္ဘာလုံးက အဆိုပါ သဘောတူစာချုပ်တွေအပေါ် စောင့်ကြည့်နေကြတယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖိုင်ဒန်က ရုရှားနဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့တို့ကို ဆီရာဂန်နန်းတော်မှာ ပြောပါတယ်။

▪️ အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားတို့တင်ပြတဲ့ ပထမရွေးချယ်စရာက ရုရှားတို့သိမ်းပိုက်ထားတယ်လို့ ကြေညာထားတဲ့ ဒိုနက်စ်၊ လူဟန့်စ်၊ ဇာပိုရစ်ဇီယာနဲ့ ခါဆန်ဒေသတို့ကနေ ယူကရိန်းတပ်များအားလုံး အပြီးအပိုင် ဆုတ်ခွာပေးဖို့ ဖြစ်ပါတယ်။

▪️ ဒုတိယရွေးချယ်စရာမှာဆိုရင်တော့ ယူကရိန်းတပ်များ ပြန်လည်နေရာချထားခြင်းကို ပိတ်ပင်ခြင်း၊ စစ်စည်းရုံးခြင်းကို ရပ်တန့်ခြင်း၊ စစ်မှုထမ်းလျှော့ချခြင်းများ ပြုလုပ်ခြင်းတို့ အပါအဝင် ကြားနိုင်ငံများမှ စစ်ရေးပါဝင်ပတ်သက်မှုများ မရှိစေခြင်း၊ ယူကရိန်းသို့ နိုင်ငံခြားမှ စစ်ရေးအထောက်အပံ့များ ရပ်တန့်ခြင်းတို့ ပါဝင်ပါတယ်။

▪️ ဒါ့အပြင် ယူကရိန်းအနေနဲ့ ရုရှားအပေါ် အဖျက်အမှောင့်ဆောင်ရွက်မှုအားလုံး ရပ်ဆိုင်းရမှာဖြစ်သလို နှစ်ဖက်နိုင်ငံတွေကနေ နိုင်ငံရေးအကျဉ်းသားများ အပြန်အလှန် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ အရပ်သားများ ပြန်လွှတ်ရေးတို့လည်း ပါဝင်ပါတယ်။

▪️ ယူကရိန်းမှာ မာရှယ်လောထုတ်ပြန်ထားခြင်းကို ဖယ်ရှားပေးပြီး ဒီနောက် ရက် ၁၀၀ ထက်နောက်မကျဘဲ နိုင်ငံ့ရွေးကောက်ပွဲများ ပြုလုပ်ဖို့လည်း ပါဝင်ပါတယ်။

#Source: WION