#World_News
Published 03 October 2024


▪️ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ (CIA)က တရုတ်၊ အီရန်၊ မြောက်ကိုရီးယားတို့မှာ သတင်းပေးများ ခေါ်ယူမယ့် အစီအစဉ်ကို ထုတ်ပြန်လိုက်ပြီး ဒီနည်းလမ်းဖြင့် ရုရှားတွေကို သိမ်းသွင်းရာမှာလည်း အောင်မြင်မှုရခဲ့တယ်လို့ ပြောပါတယ်။

 

▪️ အဆိုပါ ထောက်လှမ်းရေးအေဂျင်စီက ယင်းတို့ထံ ဘယ်လိုမျိုးလုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်လဲဆိုတာကို X ၊ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊ တယ်လီဂရမ်၊ LinkedIn ၊ the Dark Web အစရှိတဲ့ ဆိုရှယ်မီဒီယာတွေရဲ့ အကောင့်တွေမှာ မန်ဒရင်း၊ ဖာစီ၊ ကိုရီးယား ဘာသာစကားတို့ဖြင့် ဖော်ပြထားတယ်လို့ CIA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖော်ပြထားပါတယ်။

 

▪️ "ဒီနည်းလမ်းဖြင့် ကြိုးပမ်းခဲ့ရာ ရုရှားမှာ အောင်မြင်ခဲ့ပါတယ်။ အခြားနိုင်ငံတွေမှ လူတွေအတွက်လည်း လမ်းဖွင့်ပေးထားတယ်ဆိုတာကို သိရှိစေချင်ပါတယ်" လို့ ပြောသွားပါတယ်။

 

▪️ ယူကျူ့ဘ်မှာ မန်ဒရင်းဘာသာစကားဖြင့် ရေးသားထားတဲ့ ဗီဒီယိုမှာဆိုရင် စိတ်ချရတဲ့ VPN ဒါမှမဟုတ် TOR ကွန်ရက်များအသုံးပြုပြီး CIA တရားဝင်ဝက်ဘ်ဆိုက်တွေကတဆင့် ဆက်သွယ်ဖို့ အကြံပြုထားပါတယ်။

 

▪️ "သင့်ရဲ့လုံခြုံဘေးကင်းမှုကို အဓိကထားတယ်" လို့ ဆိုပါတယ်။ သတင်းပေးတွေရဲ့ ကိုယ်ရေးအချက်အလက်မှန်တွေနဲ့ မပတ်သက်ဘဲ ယင်းတို့ရဲ့ အမည်တွေ၊ တည်နေရာတွေ၊ ဆက်သွယ်ရေး အချက်အလက်တွေကို တောင်းခံထားပြီး CIA အတွက် အကျိုးဖြစ်စေမယ့် အချက်အလက်တွေလည်း ပါဝင်ပါတယ်။

 

▪️ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ လျူပန်ယုက တရုတ်ပြည်ကို ထိုကဲ့သို့ ကျင့်ကြံဖို့ကြိုးစားနေတဲ့ အမေရိကန်ကို စွပ်စွဲလိုက်ပြီး တရုတ်ပြည်သူတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီကြား သွေးကွဲအောင် ကြံစည်တာမှန်သမျှ အောင်မြင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

 

▪️ တရုတ်က ရုရှား၊ အီရန်တို့နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်လာကာ ဒေသတွင်း စစ်ရေးချဲ့ထွင်မှုများ ပြုလုပ်လာတာကြောင့် CIA က ထောက်လှမ်းရေးတွေ တိုးမြှင့်ချင်တာ ဖြစ်ပါတယ်။

 

▪️ အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းအတွင်းမှာ ရုရှား၊ တရုတ်၊ အီရန်၊ မြောက်ကိုရီးယား အစိုးရတို့က ထောက်လှမ်းရခက်ခဲတယ်လို့ သိထားကြပါတယ်။
CIA ဟာ ၂၀၂၂ တုန်းကလည်း ရုရှားဘာသာစကားဖြင့် ဆိုရှယ်မီဒီယာတွေပေါ်ကနေ ရုရှားလူမျိုးတွေကို သိမ်းသွင်းခဲ့ဖူးပါတယ်။

 

#Source: Reuters