#World_Science
Published 20 February 2025


▪️ မိုက်ခရိုပလတ်စတစ်မှုန်တွေက ကြွက်တွေရဲ့ ဦးနှောက်ထဲကို ဖြတ်သန်းသွားနိုင်ကာ သွေးကြောတွေကို ပိတ်ဆို့သွားပြီး အသက်အန္တရာယ် ဖြစ်နိုင်လောက်တဲ့ သွေးခဲခြင်းမျိုး တွေ့ခဲ့ကြပါတယ်။

▪️ ပလတ်စတစ်အမှုန်တွေ ဦးနှောက်သွေးကြောတွေမှာ ဖြတ်သန်းစုပြုံလာပုံကို ပထမဆုံးအနေနဲ့ လက်တွေ့စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။

▪️ ပလတ်စတစ်တစ်မှုန်က စပိတ်သွားရင် အနောက်မှာစုပြုံပိတ်ဆို့သွားကြတယ်လို့ ဆိုကြပါတယ်။

▪️ ကြွက်တွေရဲ့ဦးနှောက်မှာ သွေးစီးဆင်းမှု လျော့ကျစေပြီး စိတ်နဲ့ကိုယ် လုပ်ဆောင်ချက် ကျဆင်းသွားတာ တွေ့ခဲ့ကြပါတယ်။

▪️ စားသုံးထုတ်ကုန်တွေမှာ ထည့်သွင်းကြတဲ့ ပလတ်စတစ်တွေ ပြိုကွဲတဲ့အခါ ပလတ်စတစ်အမှုန်ငယ်များ ဖြစ်လာပြီး ထိုအမှုန်တွေမှာ BPA ၊ သယ်လိတ်စ်၊ Pfasတို့လို ပလတ်စတစ်ဓာတုများ ၂ သောင်းခန့် ပါဝင်နိုင်ပါတယ်။

▪️ ထိုအရာတွေက လူသားခန္ဓာကိုယ်မှာလည်း တွေ့ရကာ အချင်းနဲ့ ဦးနှောက်အတားအဆီးတို့ကို ဖြတ်ကျော်နိုင်ကြောင်း တွေ့ထားပါတယ်။

▪️ နှလုံးရောဂါနဲ့ ကင်ဆာတို့ ဖြစ်နိုင်ခြေ များစေနိုင်ပြီး ဦးနှောက်ချို့ယွင်းမှုလက္ခဏာများ ဖြစ်ပေါ်စေတယ်လို့ ယူဆထားပါတယ်။

▪️ ကြွက်တွေရဲ့ဦးနှောက်နဲ့ လက်တွေ့စမ်းသပ်ရာမှာ အိမ်သုံးပစ္စည်းတွေမှာ တွေ့ရတတ်တဲ့ ပိုလီစတီရင်းပါဝင်တဲ့ရေကို သောက်ခိုင်းခဲ့ပါတယ်။

▪️ နာရီအနည်းငယ်ကြာတဲ့အခါမှာ ထိုအမှုန်တွေက ဦးနှောက်ထဲမှာ ပေါ်လာတာတွေ့ရပါတယ်။

▪️ အမှုန်တွေ ပိုမိုစုပြုံလာချိန်မှာ ဆဲလ်တွေလည်း ပိတ်ဆို့လာပြီး အချို့ဆိုရင် ရက်တွေကြာတဲ့အထိ ရှိနေကြပါတယ်။

▪️ လူတွေမှာတော့ သွေးကြောတွေက ကြွက်တွေလောက် မသေးတာကြောင့် အမှုန်ပိတ်ဆို့မှုက ဘယ်လောက်အထိ သက်ရောက်နိုင်လဲဆိုတာ သေချာမသိသေးဘဲ ထပ်မံသုတေသန ပြုလုပ်သွားရမယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။

Source: The Guardian