#World_Health
Published 20 February 2025


▪️ အိမ်မွေးတိရိစ္ဆာန် မွေးထားခြင်းက ခန္ဓာကိုယ်ရောစိတ်ပါ သက်သာရာရစေသလို ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အသိအမှတ် ပြုလာကြပါတယ်။

▪️ ဂျပန်ပတ်ဝန်းကျင်လေ့လာရေး အမျိုးသားတက္ကသိုလ်မှ သုတေသီတစ်ဦးက ကြောင်ထက်စာရင် ခွေးမွေးတာက သက်ကြီးရွယ်အိုတွေမှာ ဒီမန်ရှာနဲ့ ချည့်နဲ့ခြင်းတို့ ဖြစ်နိုင်ခြေ ပိုနည်းစေနိုင်ဖွယ်ရှိတယ်လို့ တွေ့ရှိထားပါတယ်။

▪️ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအထူးပြု ယူတာနီဂူချီနဲ့အဖွဲ့က တိုကျို အိုတာရပ်ကွက်မှ အသက် ၆၅ နှစ်အထက် လူပေါင်း ၁၁,၀၀၀ ခန့်ကို ၄ နှစ်ကြာအောင် သုတေသန ပြုခဲ့ပါတယ်။

▪️ ခွေးမွေးတဲ့သူတွေက မမွေးတဲ့သူတွေထက် ဒီမန်ရှာဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းပိုနည်းတာ တွေ့ခဲ့ကြပါတယ်။

▪️ အခြားလေ့လာချက်တစ်ခုမှာလည်း ခွေးမွေးသူတွေက ကြွက်သားခွန်အား နည်းပါးခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်းတို့ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုနည်းတာ တွေ့ရပါတယ်။

▪️ ဒါပေမဲ့ ကြောင်မွေးသူတွေကတော့ ထိုကဲ့သို့ အခြေအနေများ ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းတာမျိုး မတွေ့ရပါဘူး။

▪️ ခွေးပိုင်ရှင်တွေက ခွေးကျောင်းတဲ့အခါလိုမျိုးမှာ အထီးကျန်ပြဿနာမျိုး သက်သာစေပါတယ်။

▪️ ခွေးမရှိပေမယ့် လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့သူတွေမှာလည်း ဒီမန်ရှာဖြစ်နိုင်ခြေ လျော့နည်းတာ တွေ့ရပါတယ်။

▪️ ခွေးပိုင်ဆိုင်ပြီး လေ့ကျင့်ခန်းလုပ်တဲ့ သူတွေမှာတော့ ပိုပြီးသိသာထင်ရှားပါတယ်။

▪️ ဘယ်လိုပဲဖြစ်ဖြစ် ခွေးမွေးထားရုံနဲ့တော့ ကျန်းမာရေးအကျိုးကျေးဇူး အာမခံချက်မပေးနိုင်ဘဲ ကိုယ်လက်လှုပ်ရှားမှု၊ ပေါင်းသင်းဆက်ဆံမှုတို့ကလည်း ပတ်သက်နေကြောင်း တာနီဂူချီက ပြောသွားပါတယ်။

#Source: Mainichi