#World_News
Published 14 June 2025
▪️ အီရန် အစ္စလာမ်ရီပတ်ဘလစ်အဖွဲ့က သောကြာနေ့ညမှာ အစ္စရေးလ် တဲလ်အဗစ်မြို့လယ်ကို ဒုံးကျည်အများအပြား ပစ်ခွင်းခဲ့ရာ အစ္စရေးလ်စစ်ဌာနရုံးချုပ်တွေ ထိမှန်ခဲ့ပြီး ပျက်စီးမှုပြင်းထန်ခဲ့ပါတယ်။
▪️ ဆိုရှယ်မီဒီယာတွေပေါ် ဗီဒီယိုတွေမှာ အစ္စရေးလ်ကာကွယ်ရေးတပ်ဖွဲ့ကြီး (IDF)ရဲ့ ပင်မဌာနကြီးအပါအဝင် စစ်ဘက်ဆိုင်ရာ နေရာအများအပြားရှိနေတဲ့ ဒေသ တိုက်ခိုက်ခံခဲ့ရပါတယ်။
▪️ ကြားဖြတ်ဒုံးကျည်တွေ တက်သွားပြီးနောက် ထိပ်ဖူးတပ်ဒုံးကျည် ပေါက်ကွဲသံကြီး ပေါ်ပေါက်ခဲ့ပါတယ်။
▪️ ဗီဒီယိုတွေအရ အီရန်ဒုံးကျည် အနည်းဆုံးတစ်စင်းက အစ္စရေးလ်လေကြောင်းကာကွယ်ရေးတွေကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး တဲလ်အဗစ်အလယ်ရှိ အရေးပါတဲ့ ပင်မနေရာတစ်ခုကို ထိမှန်ခဲ့ပုံပေါ်ပါတယ်။
▪️ အီရန်က ပဲ့ထိန်းဒုံးကျည် ၁၅၀ ခန့်ဖြင့် လူနေအိမ်နေရာများနဲ့ တဲလ်အဗစ်တဝိုက် စစ်ရေးနေရာများကို ပစ်မှတ်ခဲ့တာဖြစ်တယ်လို့ Fox News နိုင်ငံခြားသတင်းထောက်ချုပ် ထရေးယင့်စ်က ပြောပါတယ်။
▪️ IDF ကတော့ ယင်းတို့ရဲ့ဌာနချုပ် ထိမှန်ခြင်းရှိမရှိကို အတည်ပြုသေးပေမယ့် ဗီဒီယိုတွေအရတော့ အီရန်ဟာ အစ္စရေးလ်ကို နာရီနဲ့ကြာအောင် ဒုံးကျည်များ ပစ်ခတ်နေခဲ့ပါတယ်။
▪️ အစ္စရေးလ်စစ်တပ်အေဂျင်စီက X ဆိုရှယ်မီဒီယာပေါ်မှာ "IDF အနေနဲ့ အရပ်သားတွေကို အီရန်တိုက်ခိုက်တာမျိုး ခွင့်မပြုနိုင်ဘူး" လို့ တင်ထားပါတယ်။
▪️ သောကြာနေ့ကပဲ အစ္စရေးလ်တို့က အီရန်နျူကလီးယားနဲ့ စစ်ရေးအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အီရန်ထိပ်သီးတပ်မှူးအနည်းဆုံး ၂၀ သေဆုံးခဲ့ပြီး တော်လှန်ရေးအစောင့်တပ် အကြီးအကဲလည်း ပါဝင်တယ်လို့ သိရပါတယ်။
▪️ နျူကလီးယားသိပ္ပံပညာရှင် ၆ ဦးလည်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
▪️ အီရန်လက်တုံ့ပြန် တိုက်ခိုက်မှုအတွင်း အစ္စရေးလ်ဘက်မှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
▪️ အီရန်မှ နျူကလီးယားပရိုဂရမ် သဘောတူညီချက် ဆွေးနွေးမှု မအောင်မြင်တဲ့နောက် အစ္စရေးလ်ဘက်မှ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ အီရန်က အလျင်အမြန် လက်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
#Source: New York Post