၁၄ ဇွန် ၂၀၂၅
🧨 Rising Lion စစ်ဆင်ရေး၏ အတွင်းပိုင်း
လများစွာ လျှို့ဝှက်တည်ဆောက်မှု
မော့ဆက်သူလျှိုများသည် လပေါင်းများစွာကတည်းက အီရန် အတွင်းထဲသို့ တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်ခဲ့ကြပါတယ်။ အရေးကြီးတဲ့ နေရာတွေမှာ ဝှက်ထားတဲ့ လက်နက်များနှင့် ဒရုန်းများ၏ အခြေ စိုက်စခန်းများ တည်ဆောက်ထားခဲ့ကြပါတယ်။ အချို့ကိုဆိုလျှင် အရပ်သားများ၏ ကားအတွင်း ထဲ တွင်ပင် ဝှက်ထားနိုင်ခဲ့ကြပါတယ်။
သူတို့သည် လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ခင်အချိန်ကလေးတွင် တိကျသော ဒရုန်းများနှင့် ပဲ့ထိန်း လက်နက်များဖြင့်ပစ်လွှတ်စေပြီး လေကြောင်းတိုက်ခိုက်လာသည့်အခါ အီရန်၏ လေကြောင်းကာကွယ် ရေးစနစ်ကို အလုပ်မလုပ်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်ပါတယ်။
အဆင့်သုံးဆင့် စစ်ဆင်ရေး
- “Rising Lion” ဟု သင်္ကေတ အမည်ပေး၊ အစီအစဉ်ကို အဆင့်လိုက်အသိပေး။
- အီရန်နိုင်ငံထဲသို့ ပေါက်ကွဲစေသည့်ဒရုန်းများနှင့် ပစ်မှတ်တိကျသည့် ဒုံးကျည်များကို ပုန်းလျှိုး ဝှက်လျှိုးသွင်းခဲ့
- အစ္စရေးက တိုက်ခိုက်သည့်အခါတွင် အီရန်၏ ဒုံးကျည်များနှင့် ရေဒါစနစ်များကို အဖျက်အမှောင့် လုပ်ရန် ကွန်မန်ဒိုများကို နေရာချထား။
- တီဟီရန်မြို့တော်ပြင်ပရှိ လျှို့ဝှက် ဒရုန်းအခြေစိုက်စခန်းမှ ကြိုတင်ချိန်ရွယ်ထားသည့် ဒရုန်း များကို ပစ်လွှတ်၍ အဓိက ဒုံးကျည်ပစ်စင်များကို အစွမ်းပျက်အောင်လုပ်ပစ်။
သတင်းအတုများဖန်တီး
ရည်ရွယ်ချက်ကို ဖုံးကွယ်ထားနိုင်ရန်အတွက် အစ္စရေးတို့က နျူကလီးယား စေ့စပ်ဆွေးနွေးပွဲများ လုပ်ပြပြီး နိုင်ငံတကာ သံတမန်များကို အာရုံပြောင်းထားခဲ့ကြ။ အရာရှိများကလည်း အစ္စရေးနှင့် အမေရိကန်နှင့် စိတ်သဘောထားကွဲလွဲနေပြီဟူသော သတင်းမှားများကို အကြံအစည်နှင့် သတင်းပေါက်ကြားသွားသလိုလို ထင်အောင် တမင် ဖြန့်ခဲ့ကြ။ သတင်းစာရှင်းလင်းပွဲများတွင် လည်း ဂါဇာ၊ ယီမင်နှင့် လက်ဘနွန်နိုင်ငံတို့အကြောင်းကိုသာ ပြောပြီး အီရန်ကို တမင်မှေးမှိန်ထားခဲ့။
ထိုသို့ လမ်းကြောင်းလွှဲလိုက်သဖြင့် အီရန်သည် ဒုံးကျည်ဖြင့် အတိုက်အခိုက်မခံရမီအထိ အစ္စရေးကို အာရုံတွင် မရှိခဲ့ကြ။
ထိပ်ပိုင်းခေါင်းဆောင်များ ချေမှုန်းခံရ
အီရန်၏ ကာကွယ်ရေးစနစ် အလုပ်မလုပ်သဖြင့် အစ္စရေးလေယာဉ်များသည် ပစ်မှတ်ပေါင်း ၁၀၀ ကျော်ကို ထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့ကြ။ ယင်းထဲတွင် နန်တန့်ဇန်၊ဖော်ဒေါင်းနှင့် အစ္စဖဟန် စသည့် နျူကလီးယား စခန်းများနှင့် စစ်ရေးအဆောက်အအုံများပါဝင်ခဲ့။ အီရန်၏ တော်လှန်ရေးအစောင့်တပ် IRGC အကြီးအကဲ ဗိုလ်ချုပ် ဟူစိန်ဆာလာမီ၊ တပ်ဦးစီးချုပ် ဗိုလ်ချုပ် မိုဟာမက်ဘက်ဟာရီ၊ လေတပ် တပ်မှူး အမ်မီယာ, အလီဟာဂျီဇာဒက်၊ နျူကလီးယားသိပ္ပံပညာရှင် ဗိုလ်ချုပ် မိုဟာမက် မီဒီ တာရန်ချီနှင့် အခြားခေါင်းဆောင်များ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည်ဟုသိရ။
သွက်လက်သည့် ပြည်တွင်း တိုက်ခိုက်မှုစွမ်းရည်
မောဆက်အဖွဲ့က အစ္စရေးတိုက်လေယာဉ်များ ခုခံမှုအနည်းဆုံးဖြင့် တိုက်ခိုက်နိုင်ရန်အတွက် ယင်း၏သူလျှိုများ အီရန်နိုင်ငံအတွင်းတွင် လက်နက်များ ဖြန့်ကျက် နေရာချထားနေသည့် အရည်အသွေးခပ်ကြမ်းကြမ်း ရုပ်သံများကို ထုတ်ပြန်ခဲ့။ ထောက်လှမ်းရေးအရာရှိများက သူတို့၏ တိကျသောလက်နက်များသည် အီရန်၏ အမိန့်ပေးထိန်းချုပ်ဘန်ကာများကို တိုက်ရိုက်ထိမှန်ခဲ့ဟု ထုတ်ဖော်ပြော။ တီဟီရန်၏ ကနဦးတုန့်ပြန်မှုကို ချိနဲ့သွားစေခဲ့။
🔍 ဘာအဓိပ္ပါယ်ဆောင်သလဲ
မော့ဆက်၏ လျှို့ဝှက်စစ်ရေး- ယင်းက ဖျက်ဆီးမှုလုပ်ရုံမျှတင်မဘဲ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ကိုပါ အကွက်စေ့စေ့ ဆောင်ရွက်သွားနိုင်ခဲ့
အီရန်၏ ပြည်တွင်း ကာကွယ်ရေးစနစ်ကို ပျက်ပြယ်သွားခဲ့ရသဖြင့် အစ္စရေးအနေဖြင့် လေယာဉ် အနည်းငယ်သားသုံးကာ ဆက်စပ်ဖြစ်ပွားနိုင်သည့် အန္တရာယ် ခပ်နည်းနည်းဖြင့် တန်ဖိုးမြင့် ပစ်မှတ်များအား တိုက်ခိုက်နိုင်စေခဲ့။
ယခုစစ်ဆင်ရေးက ပါရာဒိုင်းအရွေ့တစ်ခုကို ညွှန်းဆိုပြသွားခဲ့- တာဝေးဒရုန်း+ လူသား ထောက်လှမ်းရေး= သစ်လွင်သော လျှို့ဝှက်တိုက်ခိုက်မှု ဟူသည့် အယူအဆတစ်ခု ပေါ်ထွန်းသွားခဲ့။
Ref: Major News outlets