‎#World_Health
‎Published 14 June 2025

▪️ ရယ်မောခြင်းက အကောင်းဆုံး ဆေးတစ်ခွက်လို့ပြောကြတာ အကြောင်းမဲ့သက်သက် မဟုတ်ပါဘူး။

▪️ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ အကျိုးပြုစေတယ်လို့ သိပ္ပံနည်းကျ တွေ့ရှိထားကြပါတယ်။

▪️ ရယ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ စနစ်အများအပြားကို လှုံ့ဆော်ပေးပြီး အောက်ဆီဂျင်ရရှိစေကာ နှလုံး အဆုတ်တို့ကို လှုံ့ဆော်ပေးတဲ့အပြင် အင်ဒေါ်ဖင်းဟော်မုန်းတွေ ထွက်စေပါတယ်။

▪️ ရယ်မောခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးတွေ ဘယ်လိုပေးလဲဆိုတာ ဖော်ပြသွားပါမယ်။

▪️ (၁) ဖိစီးမှုကိုဖြစ်စေတဲ့ ကော်တီဆော၊ အက်ဒရီနယ်လင်ဟော်မုန်းတို့ကို လျော့နည်းစေသဖြင့် ပုံမှန်ရယ်မောတဲ့သူတွေဟာ ဖိစီးမှုပမာဏ လျော့ကျစေပါတယ်။

▪️ (၂) ရယ်မောတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ သွေးကြောလုပ်ဆောင်ချက်များ တိုးတက်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

▪️ (၃) တိုက်ခိုက်ရေးဆဲလ်များ၊ ပဋိပစ္စည်းများ ထွက်ရှိစေကာ ရောဂါဘယတွေကို ကင်းဝေးစေပြီး ကိုယ်ခံအားမြှင့်တင်ပေးပါတယ်။

▪️ (၄) ရယ်မောစဉ်ထွက်လာတဲ့ အင်ဒေါ်ဖင်းဟော်မုန်းက နာကျင်ကိုက်ခဲမှုတွေကို သဘာဝအတိုင်း သက်သာစေကာ သည်းခံနိုင်စွမ်း တိုးတက်စေပါတယ်။

▪️ (၅) စိုးရိမ်ပူပန်စိတ်၊ စိတ်ဓာတ်ကျခြင်းတို့ကို လျော့ကျစေကာ စိတ်ခံစားချက် ကြံ့ခိုင်စေသဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမြှင့်တင်ပေးပါတယ်။

▪️ (၆) လူအများနဲ့အတူ ရယ်မောနေရင် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုတွေ မြင့်မားလာစေကာ ဆက်ဆံရေးခိုင်မာစေပါတယ်။

▪️ (၇) ညမအိပ်ခင် ရယ်မောတဲ့အခါ ကြွက်သားတွေ ဖိစီးမှုတွေ ပြေလျော့စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်လို့ လေ့လာချက်အချို့မှာ တွေ့ရပါတယ်။

▪️ (၈) ရယ်မောခြင်းဖြင့် စိတ်ကိုတည်ငြိမ်စေကာ အလွန်အကျွံ မတွေးတောမိတော့ဘဲ လက်ရှိအချိန်ကို ပျော်ရွှင်ခံစားမိစေမှာ ဖြစ်ပါတယ်။

#Source: DoctorNDTV