#World_Science
Published 14 June 2025
▪️ ကမ္ဘာ့ဗဟိုချက်မှာ ရွှေတွေအပြည့်ရှိနေပြီး ကမ္ဘာ့ကြားလွှာကနေ အပေါ်ယံလွှာအထိ စိမ့်ထွက်နေတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ မြေအနက်ပိုင်းမှ ထွက်လာတဲ့ မီးတောင်ကျောက်တုံးတွေမှာ တွေ့ရတဲ့ အိုင်ဆိုတုပ်တွေမှာ ရွှေအပါအဝင် အဖိုးတန်သတ္တုများ ပါဝင်တာကို တွေ့ရှိလာပါတယ်။
▪️ ဂျာမနီ ဂေါ့တင်ဂျန်တက္ကသိုလ်မှ ဘူမိဓာတုပညာရှင် နီလ်မက်စ်လင်က သူတို့ရဲ့ အချက်အလက်တွေထဲမှာ ရွှေနဲ့ အခြားအဖိုးတန်သတ္တုတွေဟာ ကမ္ဘာကြားလွှာအပေါ်ဘက်အထိ စိမ့်ထွက်နေတယ်ဆိုတာ သေချာတယ်လို့ ဆိုပါတယ်။
▪️ ကမ္ဘာ့အပေါ်ယံလွှာကနေ ရွှေရနိုင်တယ်ဆိုပေမယ့် တကယ်တမ်း ကမ္ဘာမှာရှိတဲ့ စုစုပေါင်းပမာဏနဲ့ယှဉ်ရင် အသေးအဖွဲ့လောက်သာ ရှိပါတယ်။
▪️ ကမ္ဘာ့ဗဟိုချက်ကနေ ဟီလီယံနဲ့ သံအိုင်ဆိုတုပ်ကြီးတွေ ထွက်တယ်ဆိုတဲ့ အထောက်အထားကောင်း ရှိပေမယ့် မျက်နှာပြင်ကနေ သတ္တုကြီးတွေ ဘယ်လောက်ရရှိတယ်၊ အာကာသကနေ ဘယ်လောက်ရရှိတယ်ဆိုတာ မသဲကွဲပါဘူး။
▪️ ကမ္ဘာ့ဗဟိုချက်ကနေ ထွက်တဲ့ သတ္တုတွေထဲမှာ ရုသနီယံ၊ ရွှေတို့အပြင် ဒြပ်စင်များဖြစ်တဲ့ ပယ်လာဒီယံ၊ ရိုဒီယံ၊ ပလက်တီနမ်တို့လည်း ပါဝင်ပါတယ်။
▪️ ဒါပေမဲ့ ဒါမျိုးတွေတွေ့ရှိဖို့ ၂,၉၀၀ ကီလိုမီတာလောက်အထိ တူးဖို့ကလည်း မလွယ်ကူပါဘူး။
▪️ ကမ္ဘာ့ဗဟိုချက်က ယခင်ထင်ထားသလောက် ကွဲထွက်နေတာ မဟုတ်တာကို တွေ့ထားတဲ့အပြင် တန်ချိန်များစွာရှိတဲ့ ကျောက်တုံးတွေဟာ ဗဟိုချက်-ကြားလွှာနယ်နိမိတ်ကနေ အစပြုကာ ကမ္ဘာ့မျက်နှာပြင်အထိ မြင့်တက်လာတာလည်း သက်သေပြနိုင်တယ်လို့ ဂေါ့တင်ဂျန်တက္ကသိုလ်မှ မက်သီယပ်စ်ဝီလ်ဘိုးက ပြောသွားပါတယ်။
#Source: ScienceAlert