#World_News
Published 06 March 2025
▪️ အမေရိကန်လုံခြုံရေးနဲ့ စစ်ဆေးမှုအန္တရာယ်များနဲ့ ပတ်သက်တဲ့ အစိုးရသုံးသပ်ချက်တစ်ရပ်အပေါ် အခြေခံကာ လာမယ့်သီတင်းပတ်လောက်ကစပြီး အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်လူမျိုးများ အမေရိကန်သို့ ဝင်ရောက်ခွင့်ပိတ်ပင်သွားမယ့် သွားလာရေးပိတ်ပင်မှုအသစ်တစ်ရပ်ကို သမ္မတဒေါ်နယ်ထရမ့် ချမှတ်လိုက်တယ်လို့ သတင်းရင်းမြစ် ၃ ဦးက ပြောပါတယ်။
▪️ ပိတ်ပင်မယ့်နိုင်ငံစာရင်းမှာ အခြားနိုင်ငံတွေလည်းပါဝင်ပြီး ဘယ်နိုင်ငံတွေလဲတော့ မသိထားဘူးလို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
▪️ ထရမ့်ပထမအကြိမ် သမ္မတဖြစ်စဉ်က မွတ်ဆလင်လူများစုနိုင်ငံ ၇ ခုမှ လူတွေကို ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ခြင်းကို ပြန်လည်အမှတ်ရစေပြီး ထိုစဉ်က ၂၀၁၈ ခုနှစ် တရားရုံးချုပ်မှ အတည်မပြုခင်အထိ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်။
▪️ ဒီနောက် သမ္မတဟောင်းဂျိုးဘိုင်ဒင်က ဒါဟာ အမျိုးသားစိတ်ဓာတ်ကို စွန်းထင်းစေတယ်ဆိုပြီး ၂၀၂၁ မှာ ပိတ်ပင်ချက်ကို ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။
▪️ အမေရိကန်မှာ ခိုလှုံသူများအဖြစ် အခြေချနေထိုင်ခွင့်ရထားတဲ့ အာဖဂန်တွေ၊ အထူးလူဝင်မှုဗီဇာဖြင့် နေထိုင်တဲ့အာဖဂန်ပေါင်းသောင်းချီအပေါ် သက်ရောက်လာနိုင်ကာ အာဖဂန်မှာ နှစ် ၂၀ ကြာစစ်ပွဲကာလအတွင်း အမေရိကန်အတွက် အလုပ်လုပ်ပေးနေတဲ့အတွက် တာလီဘန်များရဲ့ လက်စားချေခြင်းအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
▪️ နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှုများ ရှာဖွေတွေ့ရှိဖို့အတွက် အမေရိကန်မှာ နေထိုင်ခွင့်လျှောက်လိုတဲ့ နိုင်ငံခြားသားမှန်သမျှကို လုံခြုံရေးစစ်ဆေးမှု ပြင်းပြင်းထန်ထန် ပြုလုပ်ရမယ့် သမ္မတအမိန့်ကို ထရမ့်က ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
▪️ သွားလာခွင့် လုံးဝပိတ်ပင်မယ့် နိုင်ငံများစာရင်းမှာ အာဖဂန်နစ္စတန် ပါဝင်လိမ့်မယ်လို့ သတင်းရင်းမြစ်တွေ ဆိုပါတယ်။
▪️ အမေရိကန်မှာ အခြေချနေထိုင်ခွင့်ရထားတဲ့ အာဖဂန်တွေ၊ အထူးဗီဇာဖြင့် နေထိုင်တဲ့ အာဖဂန်တွေကိုတော့ တခြားသူတွေထက်ပိုပြီး အပြင်းအထန် စစ်ဆေးသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။
▪️ တရားဝင်ကြေညာချက်များ မပြုလုပ်ရသေးပေမယ့် သွားလာခွင့်ပိတ်ပင်ချက်ကို လာမယ့်သီတင်းပတ်အတွင်း အကောင်အထည် ဖော်သွားနိုင်တယ်လို့ အာဖဂန်များ အခြေချရေးနဲ့ တိမ်းရှောင်ရေး ညွန့်ပေါင်းအဖွဲ့မှ ခေါင်းဆောင် ရှောင်ဗန်ဒီဗာက ပြောသွားပါတယ်။
#Source: Reuters