#World_Science
Published 06 March 2025
▪️ တရုတ်ပြည်ရဲ့ ဂရိတ်ဝေါ မဟာတံတိုင်းကြီးကို အဆင့်ဆင့် ဆောက်လုပ်ခဲ့ကြရာမှာ ပထမဆုံးအဆင့်တွေက ၇ ရာစုဘီစီလောက်တည်းက ဆောက်လုပ်တယ်လို့ ဆိုနေကြပါတယ်။
▪️ ယခုနောက်ဆုံး ရှေးဟောင်းသုတေသန တွေ့ရှိမှုမှာတော့ ယခင်ကထင်ထားတာထက် နှစ် ၃၀၀ လောက် ပိုပြီးသက်တမ်းရှေးကျတယ်လို့ ယူဆလာပါတယ်။
▪️ ရှန်ဒေါင်ယဉ်ကျေးမှု အမွေအနှစ်နဲ့ ရှေးဟောင်းသုတေသန စီရင်စုတက္ကသိုလ်က ၂၀၂၄ မေလနဲ့ ဒီဇင်ဘာလအတွင်း တူးဖော်မှုပြုလုပ်ခဲ့ကာ တံတိုင်းကြီးရဲ့ ရှေးအကျဆုံးအပိုင်းဖြစ်တဲ့ ချီဂရိတ်ဝေါကို စစ်တမ်းကောက်ယူခဲ့ကြပါတယ်။
▪️ ချီမဟာတံတိုင်းဟာ ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခု ဖြစ်ပြီး ရှန်ဒေါင်ပြည်နယ် ကျိနန် ချန်ကျင်ခရိုင်မှာ တည်ရှိပြီး တရုတ်ရှေးခေတ်ခံတပ်တံတိုင်းတွေထဲမှာ အစောဆုံးနဲ့ အရှည်ဆုံးအပိုင်း ဖြစ်ပါတယ်။
▪️ နည်းပညာမြင့် သက်တမ်းတွက်ချက်နည်းလမ်းများ အသုံးပြုဆန်းစစ်ခဲ့ကြရာမှာ အဆိုပါ တံတိုင်းအပိုင်းက ကျိုးမင်းဆက်နှောင်းပိုင်း ၁၀၄၆ ဘီစီအီးမှ ၇၇၁ ဘီစီအီးကာလက ဖြစ်တယ်လို့ ဖော်ပြလာပါတယ်။
▪️ တံတိုင်းကြီးမှာ ထင်ရှားတဲ့ ဆောက်လုပ်ရေးအဆင့်ပေါင်း များစွာရှိတယ်လို့ စီမံကိန်းခေါင်းဆောင် ကျန်းဆုက ပြောပါတယ်။
▪️ မဟာတံတိုင်းကြီးက တရုတ်အင်ပါယာကို ရန်သူများကျူးကျော်ခြင်းမှ ကာကွယ်ရန်နဲ့ ကုန်သွယ်ရေးနဲ့ လူဝင်မှုတို့ကို ထိန်းချုပ်ရန် ဆောက်လုပ်ခဲ့တယ်လို့ သိရပြီး တရုတ်အင်အားနဲ့ အင်ဂျင်နီယာ စွမ်းပကားတို့ရဲ့ ပြယုဂ်လည်း ဖြစ်ပါတယ်။
▪️ အရေးပါတဲ့ တွေ့ရှိချက်မှာ တံတိုင်းကြီးကို စစ်ရေးခံတပ်ကြီးအဖြစ် အသုံးပြုခဲ့ကြတာ မဟုတ်တာပါပဲ။
▪️ မဟာတံတိုင်းကြီးက ၁၃,၁၇၀ မိုင်ကျယ်ပြန့်ပြီး အရှည်လျားဆုံး အဆောက်အအုံလက်ရာတွေထဲက တစ်ခုဖြစ်ကာ ကျောက်တုံး၊ အုတ်၊ မြေသား၊ သစ်သားအပါအဝင် ကုန်ကြမ်းပစ္စည်းအမျိုးမျိုးဖြင့် ဆောက်လုပ်ထားပါတယ်။
#Source: WION