#World_Health
Published 08 March 2025
▪️ အသက်ကြီးလာတဲ့အခါ ကြွက်သားထုထည်နဲ့ သန်မာမှုများ ဆုံးရှုံးလာကြပြီး လဲကျလွယ် ဆေးရုံတက်လာရကာ မှီခိုနေထိုင်လာကြရပါတယ်။
▪️ ရုဂါစ်နဲ့ အခြားတက္ကသိုလ်များမှ သုတေသီများက ကြွက်သားထိန်းသိမ်းဖို့အတွက် လေ့ကျင့်ခန်းလုပ်ခြင်းအပြင် စပျစ်သီးစားပေးခြင်းက အထောက်အကူ ဖြစ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ စပျစ်သီးက ကြွက်သားကျန်းမာရေးကို မျိုးရိုးဗီဇအဆင့်ဖြင့် မြှင့်တင်ပေးနိုင်စွမ်းရှိတယ်ဆိုတဲ့ အထောက်အထား တွေ့ထားတယ်လို့ ဝက်စ်တန်းနယူးအင်္ဂလန်တက္ကသိုလ်မှ ဂျွန်ပက်ဇူတိုက ပြောပါတယ်။
▪️ လူသားတွေနဲ့ စမ်းသပ်မှုမှာ ဘယ်လောက်အထိ အပြောင်းအလဲ ဖြစ်နိုင်မလဲဆိုတာကို စောင့်ကြည့်ဖို့ စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။
▪️ စပျစ်သီးမှာ အမျှင်ဓာတ်ပေါ၊ ဗိုက်တာမင်၊ သတ္တုဓာတ်များ၊ ဖိုင်တိုဓာတုပစ္စည်းများ ကြွယ်ဝပြီး နှလုံး၊ ကျောက်ကပ်၊ မျက်လုံး၊ အရေပြား၊ အစာအိမ်အူလမ်းကြောင်း စနစ်တို့အတွက် ကျန်းမာရေးအကျိုးကျေးဇူး ရနိုင်ပါတယ်။
▪️ အသက်ကြီးတဲ့ကြွက်တွေမှာ တစ်နေ့ကို စပျစ်သီး နှစ်ကြိမ်စားခြင်းဖြင့် မျိုးရိုးဗီဇပေါင်း ၂ သောင်းကျော် ပြောင်းလဲစေပြီး ကြွက်သားတွေကနေ စွမ်းအင်ပြောင်းလဲပေးရာမှာ ပါဝင်တယ်လို့ လေ့လာချက်မှာ တွေ့ရှိထားပါတယ်။
▪️ ကြွက်သားထုနဲ့ ပတ်သက်တဲ့ မျိုးရိုးဗီဇတွေ မြင့်တက်လာပြီး ကြွက်သားယုတ်လျော့ခြင်းနဲ့ ဆက်စပ်တဲ့ မျိုးရိုးဗီဇကတော့ နည်းပါးသွားပါတယ်။
ကြွက်မတွေက ကြွက်ထီးတွေထက် အကျိုးကျေးဇူးပိုများတာ တွေ့ရပါတယ်။
▪️ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ဘယ်လိုဖြစ်ပျက်လဲဆိုတာကို လေ့လာပြီး လူတွေမှာ ဘယ်လိုစမ်းသပ်မလဲဆိုတာ စီစဉ်နေကြပါတယ်။
▪️ ကြွက်သားထိန်းသိမ်းရာမှာ ကူညီပေးနိုင်တဲ့ အစားအစာတွေထဲမှာ အဆီမပါတဲ့အသား၊ ငါး၊ ကြက်ဥ၊ ဂရိဒိန်ချဉ်၊ ပဲကြီး၊ နို့တို့ ပါဝင်ပါတယ်။
#Source: New York Post