#World_Science
Published 06 February 2025
▪️ အိန္ဒိယနိုင်ငံ ဟိမဝန္တာအောက်ခြေ ထင်းရှူးတောတွေထဲမှာ ကြွေကျနေတဲ့ ထင်းရှူးဆူးရွက်များက မီးဘေးအန္တရာယ် ရှိပေမယ့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ် ပြုလုပ်နိုင်တယ်လို့ သုတေသီများဆိုပါတယ်။
▪️ ထိုထင်ရှူးဆူးရွက်တွေက မီးစဖြစ်ပြီး တောမီးလောင်ကျွမ်းနိုင်တာကြောင့် ဖယ်ရှားဖို့လိုတယ်လို့ အိန္ဒိယ စိုက်ပျိုးအင်ဂျင်နီယာ ဗဟိုအင်စတီကျု(CIAE)မှ သုတေသီများ ဆိုပါတယ်။
▪️ ဆူးရွက်တွေကို မီးစာခဲလုပ်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုလျှော့ချနိုင်ပုံကို ဖော်ပြထားပါတယ်။
▪️ အပူဓာတ်တန်ဖိုးမြင့်မားတဲ့ မီးစာခဲများအဖြစ်သို့ ဖိသိပ်နိုင်ပြီး အရည်အသွေးမြင့် ဇီဝလောင်စာများ ထုတ်လုပ်နိုင်မယ်လို့ CIAE စိုက်ပျိုးရေးစွမ်းအင်နဲ့ ဓာတ်အားခွဲဝေရေးမှ သုတေသနသိပ္ပံပညာရှင် ဆန်ဒစ်မန်ဒယ်က ပြောပါတယ်။
▪️ အောက်ဆီဂျင်မပါဘဲ အပူပေးတဲ့ဖြစ်စဉ်မှာ ထင်းရှူးဆူးရွက်တွေကို တစ်ကီလိုဂရမ်လျှင် အပူဓာတ်တန်ဖိုး ၂၈.၅၂ မဂ္ဂဂျိုးလ်မှာ ဇီဝဆီအဖြစ်သို့ ပြောင်းလဲနိုင်ပြီး မီးဖိုလောင်စာဆီဖြစ်ဖြစ် အင်ဂျင်လောင်ကျွမ်းမှုအတွက် လောင်စာဆီဖြစ်ဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
▪️ ဆူးရွက်တွေမှရတဲ့ မီးစာခဲတွေကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့် ဘွိုင်လာတွေမှာ အသုံးပြုနိုင်တဲ့အပြင် ချက်ပြုတ်ရာမှာလည်း သန့်စင်လောင်စာအဖြစ် သုံးနိုင်ပါတယ်။
▪️ ဆူးရွက်တွေကို အပူပေးပျက်စီးစေရာမှာ မီးသွေးလည်း ထုတ်လုပ်ပေးကာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ရှားပေးပြီး ရာသီဥတုဖောက်ပြန်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။
▪️ အိန္ဒိယမှာ နွေရာသီဆိုရင် ထင်းရှူးတော တစ်ဟက်တာမှာ ထင်းရှူးဆူးရွက် ၆.၃ တန်ချိန် ကြွေကျတယ်လို့ ခန့်မှန်းရပါတယ်။
▪️ အိန္ဒိယထဲမှာ ထင်းရှူးဆူးရွက် သုတေသနလုပ်ငန်းတွေကို ဟိမချာလ်ပရာဒက်ရှ်မြောက်ပိုင်း ပြည်နယ်မှာ အလေးပေးလုပ်ဆောင်ကြပြီး ထိုသစ်တောအများစုဟာ ရေရှားခြင်းကို ခံနိုင်တဲ့ Pinus roxburghii မျိုးစိတ်တွေ ဖြစ်ပါတယ်။
▪️ ဒေသတွင်းအစိုးရ ကြေညာချက်အရ ထိုပြည်နယ်မှာ တစ်နှစ်လျှင် တောမီး ၂ ထောင်ခန့် လောင်ကျွမ်းလေ့ရှိပါတယ်။
▪️ ခြောက်သွေ့ခြင်းနဲ့ ထင်းရှူးဆီတို့ကြောင့် တစ်ခဏအတွင်း မီးစွဲစေပြီး ဇီဝမျိုးကွဲတွေ ဆုံးရှုံးကြရပါတယ်။
#Source: SciDev.Net