#World_Health
Published 06 February 2025


▪️ ဆီးချိုရောဂါ ဖြစ်လာစေနိုင်တဲ့ အကြောင်းအရာတွေကို သုတေသီတွေက လူပေါင်း ၄ သောင်းခွဲနီးပါးဖြင့် စမ်းသပ်ခဲ့ရာမှာ ကိုယ်အလေးချိန်ရှုထောင့်ကသာ လေ့လာခဲ့ကြပါတယ်။

▪️ ထိုအခါမှာ အသက်အရွယ်၊ ကျားမ၊ ဂလူးကို့စ်ပမာဏ၊ သွေးတွင်းသကြားဓာတ်တို့ကလည်း ပါဝင်ပတ်သက်နေတာ တွေ့ရပါတယ်။

▪️ ကမ္ဘာမှာ ဆီးချိုရောဂါ အဖြစ်များလာတာကြောင့် ကာကွယ်ရေးက အရေးကြီးပုံကို ထုတ်ဖော်ဖို့လိုလာကြောင်း၊ ခန္ဓာကိုယ် အလေးချိန်ယိုင်ညွှန်းကိန်း (BMI)နည်းတဲ့သူတွေမှာတောင် ဖြစ်နိုင်ခြေရှိကြောင်း နော့သ်ရှိုးတက္ကသိုလ်ဆေးရုံမှ ဒေါက်တာ ဒန်နီယယ်ဘရွတ်ခ်က ပြောပါတယ်။

▪️ ပါဝင်စမ်းသပ်သူတွေရဲ့ ပျမ်းမျှအသက်က ၄၃.၇ နှစ်ရှိပြီး ပျမ်းမျှBMIက ၂၈.၉ ရှိတာကြောင့် အဝလွန်သူတွေ ဖြစ်ပါတယ်။

▪️ အစာမရှိချိန် ဂလူးကို့စ်ပမာဏက ပုံမှန်အတိုင်းအတာကနေ အနည်းငယ် ကွဲထွက်ရုံဖြင့် သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်ကာ ဆီးချိုဖြစ်နိုင်ခြေ များစေပါတယ်။

▪️ နောက်ထပ် ၆.၈ နှစ်ခန့်အကြာမှာ စမ်းသပ်ခံ ၈.၆ ရာခိုင်နှုန်း ဆီးချိုဖြစ်လာပြီး ၁၀ နှစ်အတွင်းမှာ ၁၂.၈ ရာခိုင်နှုန်းအထိ များလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

▪️ BMIနဲ့ ပတ်သက်လာရင် ကိုယ်အလေးချိန် ပုံမှန်အောက်ရောက်သူတွေဟာလည်း ဆီးချိုဖြစ်နိုင်ခြေ များတယ်လို့ ယူဆနိုင်ပါတယ်။

▪️ အာဟာရဓာတ်ချို့တဲ့ပြီး အင်ဆူလင်ယဉ်ပါးခြင်းဖြင့်လည်း ဆီးချိုဖြစ်လာနိုင်စေတယ်လို့ ယူဆရပါတယ်။

▪️ အမျိုးသားတွေက အမျိုးသမီးတွေထက် ဆီးချိုဖြစ်နိုင်ခြေ ပိုများသလို အသက်ကြီးတဲ့အရွယ်တွေလည်း ပိုအဖြစ်များပါတယ်။

▪️ ဒါ့အပြင် အစာမရှိချိန် ဂလူးကို့စ်ပမာဏနဲ့ BMIတို့ကြား ဆက်စပ်မှုတွေအကြောင်းလည်း ဖော်ပြထားပါတယ်။

▪️ BMIပိုများလာလေ ဆီးချိုဖြစ်နိုင်ခြေ ပိုများလာလေလည်း ဖြစ်ပါတယ်။
စမ်းသပ်ပါဝင်သူတွေထဲမှာ ဥရောပလူဖြူလူမျိုး ၈၇ ရာခိုင်နှုန်း ပါဝင်တာကြောင့် အခြားလူမျိုးခြားတွေမှာ ဘယ်လိုသက်ရောက်လဲဆိုတာ မေးစရာဖြစ်လာပါတယ်။

▪️ အမေရိကန်မှာ အဝလွန်သူတွေ များပြားလာသလို ဆီးချိုက ကိုယ်အလေးချိန် များသူတွေမှာသာ မဟုတ်ဘဲ တခြားသူတွေမှာလည်း သတိထားစရာ ဖြစ်လာပါတယ်။

▪️ ရောဂါဖြစ်ပွားခြင်းနဲ့ အသက်အန္တရာယ်တို့မှ ကာကွယ်နိုင်ရန် နေထိုင်စားသောက်မှုပုံစံနဲ့ ဆေးဝါးသုံးစွဲမှုတွေ ပါဝင်သင့်တယ်လို့ သုတေသီများ ယုံကြည်နေကြပါတယ်။ ‌

▪️ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက ဆီးချိုရောဂါကာကွယ်နိုင်မယ့် အခြေခံတစ်ခုဖြစ်ပါတယ်။

▪️ အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အစားအစာများ ရှောင်ရှားပြီး ပရိုတိန်းမြင့်မားကာ ကာဗိုဟိုက်ဒရိတ်နည်းပါးတဲ့ စားစရာတွေက ကိုယ်အလေးချိန် သင့်တင့်စေနိုင်ပါတယ်။

#Source: New York Post