#World_Science
Published 30 April 2025

▪️ မိုးကြိုးပစ်တယ်ဆိုတာက လူထိရင်သေဆုံးတတ်သလို အပင်တွေကိုပစ်မိရင် ပျက်စီးဆုံးရှုံးကြရပေမယ့် အပူပိုင်းသစ်ပင်မျိုးစိတ်တစ်ခုကတော့ မိုးကြိုးကိုအသုံးချပြီး အကျိုးကျေးဇူးရရှိနိုင်ပါတယ်။

▪️ သိပ္ပံနာမည် Dipteryx oleiferaလို့ခေါ်တဲ့ tonka beanသစ်ပင်ဟာ မိုးကြိုးပစ်ခံရရင် ရှင်သန်ရုံမက မိုးကြိုးထံမှ လျှပ်စီးကို ရန်သူတွေနဲ့ ကပ်ပါးနွယ်တွေဆီ လွှဲပြောင်းနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။

▪️ အပူပိုင်းသစ်တောတွေမှာ မိုးကြိုးကြောင့် အပျက်အစီးများပြီး အထူးသဖြင့် သစ်ပင်အိုကြီးတွေမှာ ထိခိုက်ကြပါတယ်။

▪️ သစ်ပင်ကြီးတွေတောင် မိုးကြိုးပစ်ရင် သေဆုံးပျက်စီးရပေမယ့် Dipteryx oleiferaကတော့ ပျက်စီးတဲ့ပုံ မတွေ့ရဘူးလို့ ကယ်ရီဂေဟလေ့လာရေးအဖွဲ့အစည်းမှ သစ်တောဂေဟပညာရှင် အီဗန်ဂိုရာက ဖော်ပြထားပါတယ်။

▪️ ပနားမား ဘာရိုကိုလိုရာဒိုသဘာဝကျောက်တိုင်မှာ လျှပ်စီးစက်ကွင်းအာရုံခံစက်များ၊ ကင်မရာများဖြင့် မိုးကြိုးပစ်မှုပေါင်း ၁၀၀ နီးပါးကို သုတေသီများ စောင့်ကြည့်ဖမ်းယူခဲ့ကြပြီး ဆယ်စုနှစ်စာရှိတဲ့ သစ်ပင်မှတ်တမ်းများ လေ့လာခဲ့ကြပါတယ်။

▪️ သစ်ပင်တစ်ပင်ဟာ တောအုပ်ထဲက ပိုကြီးပြီးသက်တမ်းပိုရင့်တဲ့ သစ်ပင်ဘေးမှာ ရှင်သန်ရရင် သေဆုံးနိုင်ခြေပိုများကြောင်း ဂိုရာကပြောပါတယ်။

▪️ မိုးကြိုးတစ်ချက်ပစ်တိုင်းမှာ tonka beanသစ်ပင်နဲ့နွယ်နေတဲ့ ကပ်ပါးနွယ် ၇၈ ရာခိုင်နှုန်း၊ အနီးနားရှိ ဇီဝသက်ရှိထုထည် ၂.၄ တန်လောက် သေဆုံးစေတယ်လို့ တွေ့ရှိရပါတယ်။

▪️ tonka beanသစ်ပင်ရဲ့ တည်ဆောက်ပုံက မိုးကြိုးကိုခံနိုင်ရည်ရှိပြီး မိုးကြိုးတစ်ချက်ပစ်ခံရတိုင်း နွယ်တွေ ရန်သူတွေကိုရှင်းလင်းစေကာ သစ်ပင်သက်တမ်းပိုရှည်ပြီး ရှင်သန်နိုင်စေတယ်လို့ ယူဆထားပါတယ်။

▪️ ဒါ့အပြင် မိုးကြိုးပစ်ခံရရင် အစေ့ထုတ်လုပ်မှု ၁၄ ဆမြင့်တက်လာတယ်လို့လည်း ဆိုကြပါတယ်။

#Source: New York Post