#World_Health
Published 30 April 2025

▪️ ဖြည့်စွက်အားဆေးတစ်မျိုးက ဦးနှောက်စွမ်းရည် ကျဆင်းခြင်းကို နှောင့်နှေးစေတာကစလို့ ကင်ဆာကာကွယ်ပေးသလို အရေပြားနုနယ်ကျန်းမာစေတယ်လို့ ပလတ်စတစ်ခွဲစိတ်ဆရာဝန် ဒေါက်တာကိုရီဂိုးလ်ဘာ့ဂ်က ပြောသွားပါတယ်။

▪️ GliSODinဆိုတဲ့ ဖြည့်စွက်အားဆေးက သခွားမွှေးသီးကနေရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြင့် ထုတ်လုပ်ထားပါတယ်။

▪️ ဂိုးလ်ဘာ့ဂ်က GliSODinကို လူနာတွေကိုသောက်သုံးစေတာ ဆယ်စုနှစ်နဲ့ တဝက်ခန့်ရှိပြီဖြစ်ပြီး ခွဲစိတ်ပြီးတဲ့အခါမှာ လူနာတွေမှာ ကွာခြားချက်သိသိသာသာ မြင်ရတယ်လို့ ဆိုပါတယ်။

▪️ ကင်ဆာ၊ နှလုံးရောဂါ၊ ဦးနှောက်အသိဉာဏ် ကျဆင်းခြင်းတို့ရဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ ဓာတ်တိုးဖိစီးမှုကို လျှော့ချပေးတာဖြစ်တယ်လို့ ရှင်းပြပါတယ်။

▪️ စမ်းသပ်ချက် ၄၀ ကျော်လုပ်ခဲ့ရာမှာ အင်္ဂါစနစ်တိုင်း၊ မျက်လုံးကနေ ကျောက်ကပ် အဆုတ် အရေပြားအထိ အကျိုးဖြစ်စေပါတယ်။

▪️ SODဆိုတဲ့ အင်ဇိုင်းဟာ ဂေါ်ဖီ၊ ပန်းပွင့်စိမ်းတို့မှာပါဝင်ပြီး GliSODinထဲမှာထည့်သွင်းထားကာ ဂလီယာဒင်နဲ့ ပေါင်းစပ်လိုက်ပါတယ်။

▪️ ရရှိလာတဲ့ အကျိုးကျေးဇူးတွေထဲမှာ အသားအရေတိုးတက်စေတာ ပါဝင်ပါတယ်။

▪️ ဓာတ်တိုးဖိစီးမှု လျှော့ချပေးတာကြောင့် အရေပြားအကွက်ဖြစ်ခြင်းကို လျော့ပါးစေပြီး ဆဲလ်သေတွေ ရှင်းလင်းပေးပါတယ်။

▪️ ဓာတုပစ္စည်းတွေကတော့ အရေပြားအိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။ နောက်တစ်ချက်က နှလုံးရောဂါမှ ကာကွယ်ပေးတာပါ။

▪️ ဒီဆေးအသုံးပြုသူတွေမှာ သွေးကြောနံရံတွေထူထဲတာကို လျှော့ချပေးပါတယ်။

▪️ GliSODinက ကင်ဆာကုသရာမှာ အကျိုးကျေးဇူးလည်း ပေးနိုင်ဖွယ်ရှိပါတယ်။

▪️ အကျိတ်တွေထဲက ဓာတ်တိုးဖိစီးမှုကို လျှော့ချနိုင်ပြီး ပျံ့နှံ့မှုကိုလည်း လျှော့ချနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

▪️ ကင်ဆာကို ကုသနိုင်တာမဟုတ်ပေမယ့် ရောဂါပြင်းထန်မှုကို လျှော့ချပေးမှာဖြစ်ပါတယ်။

#Source: New York Post