#World_News
Published 30 April 2025

▪️ အိန္ဒိယ ကက်ရှ်မီးယားဒေသမှာ တိုက်ခိုက်မှုဖြစ်ပြီးနောက် နျူကလီးယားလက်နက်ပိုင် ပါကစ္စတန်နဲ့ အိန္ဒိယတို့ကြား တင်းမာမှုမြင့်တက်လာကာ မကြာခင်မှာ အိန္ဒိယတို့ စစ်ရေးလှုပ်ရှားမှု စတင်တော့မယ်ဆိုတဲ့ ခိုင်မာတဲ့ ထောက်လှမ်းရေးအချက်အလက် ရရှိထားကြောင်း ပါကစ္စတန်ဘက်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။

▪️ ဧပြီ ၂၂ရက်နေ့က တိုက်ခိုက်မှုအတွင်း ရန်လိုသူတွေက ပါဟယ်ဂမ်ဒေသမှာ ယောက်ျားတွေကို ဘာသာရေးအရ ခွဲထုတ်ကာ နာမည်တွေမေးမြန်းပြီး ဟိန္ဒူတွေကိုပစ်မှတ်ထားပြီးတော့ အနီးကပ်ပစ်သတ်ခဲ့တာကြောင့် ၂၆ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူများနဲ့ အသက်ရှင်ကျန်ရစ်သူများက ပြောပါတယ်။

▪️ အကြမ်းဖက်တွေက မွတ်ဆလင်အများစုရှိတဲ့ ကက်ရှ်မီးယားမှာ သောင်းကျန်းခဲ့ကြတာဖြစ်ပြီး ပါကစ္စတန်နိုင်ငံသား ၂ဦးအပါအဝင် တိုက်ခိုက်သူ ၃ဦးကို ‌အိန္ဒိယက ဖော်ထုတ်ခဲ့ပါတယ်။

▪️ ပါကစ္စတန်ကတော့ ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားကာ ကြားနေစုံစမ်းစစ်ဆေးရေး ပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

▪️ တိုက်ခိုက်မှုအပြီး ရန်ဘက်ဟောင်းတွေဖြစ်တဲ့ ထိုနှစ်နိုင်ငံဟာ အပြန်အလှန် အတိုင်းအတာများ ထုတ်ပြန်ခဲ့ကြပြီး အိန္ဒိယက ဟိန္ဒူရေပိုင်နက် သဘောတူညီချက်ကို မထီမဲ့မြင်ပြုထားသလို ပါကစ္စတန်ကတော့ အိန္ဒိယလေကြောင်းတွေကို ယင်းတို့လေပိုင်နက်ထဲ ပျံသန်းခွင့် ပိတ်ပင်လိုက်ပါတယ်။

▪️ အိန္ဒိယဘက်က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် အကြောင်းပြချက်တွေနဲ့အတူ လာမယ့် ၂၄နာရီမှ ၃၆နာရီအတွင်း စစ်ရေးလှုပ်ရှားမှု ပြုလုပ်ဖို့ရည်ရွယ်နေတဲ့ ထောက်လှမ်းချက်အခိုင်အမာ ရရှိထားတယ်လို့ ပါကစ္စတန်က ပြောပါတယ်။

▪️ အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချကြောင်းနဲ့ အိန္ဒိယဘက်မှ စစ်ရေးလှုပ်ရှားမှုမှန်သမျှကို ပြတ်သားစွာ တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်မှ ထုတ်ပြန်ထားပါတယ်။

▪️ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက တိုက်ခိုက်သူများကို ရှာဖွေအပြစ်ပေးမယ်လို့ ကတိပြုထားပါတယ်။

▪️ နှစ်ဖက်စစ်တပ်ကြား နယ်စပ်တလျှောက် ပစ်ခတ်မှုအသေးစားများ ပျံ့ပွားလာပါတယ်။

▪️ အမေရိကန်က တင်းမာမှုမတက်လာစေဖို့ နှစ်နိုင်ငံစလုံးကို တိုက်တွန်းထားပါတယ်။

#Source: Reuters