#World_Health
Published 11 March 2025
▪️ ကိုယ်တွင်းအင်္ဂါများတဝိုက်ရှိနေတဲ့ ဝမ်းတွင်းအဆီတွေဟာ ဦးနှောက်ကျန်းမာရေး ထိန်းသိမ်းရာမှာ အရေးပါတယ်လို့ ဂျပန်တိုဟိုတက္ကသိုလ်မှ သုတေသီများ တွေ့ရှိဖော်ပြခဲ့ကြပါတယ်။
▪️ ဒါပေမဲ့ ဝမ်းဗိုက်အဆီတွေ များလွန်းရင်လည်း ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပြီး အသက်အန္တရာယ်ပါ များစေနိုင်ပါတယ်။
▪️ မှတ်ဉာဏ်၊ သင်ယူခြင်းနဲ့ စိတ်အခြေအနေတို့အတွက် အရေးပါတဲ့ BDNFနဲ့ ဝမ်းတွင်းအဆီတို့ကြား ဆက်စပ်မှုကို လေ့လာခဲ့ကြပါတယ်။
▪️ BDNFက ဦးနှောက်ဆဲလ်များ ကြီးထွားခြင်း၊ ရှင်သန်ခြင်းနဲ့ ချိတ်ဆက်ခြင်းတို့ကို အားပေးပါတယ်။
▪️ BDNFလျော့နည်းပါက စိတ်ဓာတ်ကျခြင်းနဲ့ ဒီမန်ရှာတို့လို အခြေအနေ ဖြစ်လာနိုင်ကာ BDNFမြင့်မားပါက ဦးနှောက်လုပ်ဆောင်ချက် တိုးတက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
▪️ ဝမ်းတွင်းအဆီမှ ထုတ်လုပ်တဲ့ CX3CL1 ပရိုတိန်းဟာ BDNFပမာဏကို ညီညွတ်အောင် ထိန်းသိမ်းပေးရာမှာ ပါဝင်တယ်လို့ တွေ့ရှိထားပါတယ်။
အသက်အရွယ် အမျိုးမျိုးရှိတဲ့ ကြွက်အထီးတွေကို သုတေသီများ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
▪️ ငယ်ရွယ်တဲ့ကြွက်တွေမှာ ဝမ်းတွင်းအဆီပရိုတိန်း များစွာထုတ်လုပ်ကာ ဦးနှောက်အသိဉာဏ်စွမ်းရည် ကောင်းမွန်ကြပါတယ်။
▪️ အသက်ကြီးတဲ့ကြွက်တွေမှာတော့ ၃ ပုံ ၁ ပုံလောက် ကျဆင်းသွားပါတယ်။
▪️ ဗိုက်ခေါက်အဆီတွေက ဦးနှောက်အတွက် အကျိုးရှိတယ်ဆိုပေမယ့် များလွန်းရင်တော့ နှလုံးရောဂါလိုမျိုး အခြားပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။
▪️ ဒါ့အပြင် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အိပ်ပျော်စဉ်အသက်ရှူရပ်ခြင်းတို့လည်း ဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။
▪️ အခြားသုတေသနအရ ဝမ်းတွင်းအဆီ များလွန်းရင် သားအိမ်၊ သည်းခြေအိတ်၊ ကျောက်ကပ်၊ အသည်း၊ ရင်သားကင်ဆာတို့လည်း ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ၂၀၂၀ လေ့လာသုံးသပ်ချက်အရ ခန္ဓာကိုယ်အလယ်ပိုင်းမှာ ကျယ်ပြန့်တဲ့လူတွေက အသက်အန္တရာယ် သိသိသာသာ ပိုများနေပါတယ်။
▪️ အသက်ကြီးလာရင် ဦးနှောက်က ပြောင်းလဲလာတယ်ဆိုပေမယ့် အာဟာရကြွယ်တဲ့ အစားအသောက်၊ ပုံမှန်လှုပ်ရှားမှုပြုလုပ်ခြင်း၊ လူမှုပေါင်းသင်းခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်း၊ လုံလောက်စွာအိပ်စက်ခြင်း၊ ဦးနှောက်အလုပ်လုပ်ခြင်းတို့ဖြင့် ဦးနှောက်ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းပေးနိုင်မယ်လို့ ကျွမ်းကျင်သူများ သဘောတူထားပါတယ်။
#Source: New York Post