#World_News
Published 11 March 2025

▪️ မူးယစ်ဆေးနှိမ်နင်းတိုက်ဖျက်ရေးများ ပြုလုပ်ခဲ့စဉ် လူထောင်နဲ့ချီကို သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)က ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေတဲ့အကြောင်းတွေ ထွက်ပေါ်နေရာ ဒူတာတေက အဖမ်းခံဖို့ အသင့်ရှိနေတယ်လို့ ဟောင်ကောင်ကနေ ပြောကြားလိုက်ပါတယ်။

▪️ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူတွေကို နှိမ်နင်းမယ်လို့ တက်ကြွစွာ ကတိပေးပြောကြားတဲ့အတိုင်း ဒူတာတေဟာ ထင်ရှားတဲ့ မူးယစ်ဆေးတိုက်ပွဲ စည်းရုံးရေးမူဝါဒဖြင့် ၂၀၁၆ မှာ အာဏာရလာခဲ့ပါတယ်။

▪️ လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာရုံးကတော့ အင်တာပိုလ်ကနေ တရားဝင်ဆက်သွယ်လာခြင်း မရှိသေးပေမယ့် ဒူတာတေကို လက်လွှဲပေးအပ်မယ့်သဘော ရှိနေပါတယ်။

▪️ အင်တာပိုလ်တောင်းဆိုမှုကြောင့် ဖမ်းဝရမ်းထုတ်ဖို့ လိုလာရင် ငြိမ်ဝပ်ပိပြားရေးအရာရှိတွေက ဥပဒေအတိုင်း ဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့ သမ္မတဆက်သွယ်ရေး လက်ထောက်ဝန်ကြီး ကလဲကက်စရိုက သတင်းထောက်တွေကို ပြောပါတယ်။

▪️ ICCနဲ့ မပတ်သက်တဲ့ ဟောင်ကောင်မှာ ဒူတာတေဘယ်လောက်ကြာကြာ နေနိုင်မလဲဆိုတာ မသိရပါဘူး။

▪️ လာမယ့် ဖိလစ်ပိုင်ကြားဖြတ်ရွေးကောက်ပွဲမှာ သူ့ရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ထောက်ခံဖို့မျှော်လင့်ပြီး ဖိလစ်ပိုင်လုပ်သားထောင်ချီ တက်ရောက်တဲ့ စည်းရုံးရေးပွဲတစ်ခုမှာ ပြောကြားဖို့ ဒူတာတေ ရောက်ရှိနေတာ ဖြစ်ပါတယ်။

▪️ "ဖမ်းဝရမ်းနဲ့ ပတ်သက်ပြီးတော့ ဒါဟာ ကံတရားဆိုရင် လက်ခံသွားပါမယ်။ ဖမ်းဆီးအကျဉ်းချလို့ ရပါတယ်" လို့ ပြောသွားပါတယ်။

▪️ "အပြစ်ကဘာလဲ? ဖိလစ်ပိုင်ပြည်သူတွေအတွက် အေးချမ်းတည်ငြိမ်မှုရဖို့ အရာအားလုံးလုပ်ခဲ့ပါတယ်" လို့ ဟောင်ကောင်မြို့ထဲရှိ Southornကွင်းထဲမှာ လူအုပ်ကြီးကို ပြောကြားသွားပါတယ်။

▪️ ဒူတာတေ ဟောင်ကောင်ကို ရောက်နေတာဟာ ဥပဒေကို ရှောင်တိမ်းသွားနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေကို ဖိလစ်ပိုင်သမ္မတရုံးက ငြင်းပယ်လိုက်ကာ ဥပဒေရေးရာ လုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်သွားရမယ်လို့ ဒူတာတေထောက်ခံသူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

▪️ ဖိလစ်ပိုင်တွေက အချို့သောနေရာတွေမှာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပူးပေါင်းဖို့ အသင့်ရှိနေတယ်လို့ ဆိုနေကြပါတယ်။

#Source: Reuters