#World_Science
Published 28 June 2025
▪️ အစားအစာတွေက လူတစ်ယောက်ရဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်ရင့်ရော်လာခြင်း (epigenetic aging)အပေါ် ဘယ်လိုသက်ရောက်လဲဆိုတဲ့အကြောင်းကို ဝါရှင်တန်တက္ကသိုလ်မှ သုတေသီ ဂျေမီအယ်လ်ဗီလာနူဗာနဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ရိုင်ယန်ဘရက်ဒ်လေတို့ဦးဆောင်တဲ့ သုတေသနအဖွဲ့က ဖော်ပြခဲ့ပါတယ်။
▪️ Methyl adaptogen လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းများ ပါဝင်တဲ့ အပင်အခြေပြု အစားအစာအချို့ဟာ ကိုယ်တွင်းဇီဝသက်တမ်း လျှော့ချနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ ကိုယ်တွင်းဇီဝသက်တမ်းဆိုတာက လူတစ်ယောက်ရဲ့ ဆဲလ်သက်တမ်းများဖြစ်ပြီး ပြက္ခဒိန်သက်တမ်းနှစ်တွေနဲ့ ကွဲပြားနိုင်ပါတယ်။
▪️ DNA methylation ဖွဲ့စည်းပုံက လူတစ်ယောက် လျင်မြန်စွာအိုမင်းသလား နှောင့်နှေးစွာ အိုမင်းသလားဆိုတာကို ဆုံးဖြတ်ပေးပါတယ်။
▪️ အသက် ၅၀ မှ ၇၂ နှစ်ကြား ကျန်းမာရေးသန်စွမ်းတဲ့ အမျိုးသားတွေကို ၈ ပတ်ကြာ စောင့်ကြည့်လေ့လာခဲ့ပါတယ်။
▪️ ယင်းတို့ကို အပင်အခြေပြု အာဟာရဓာတ်မြင့်မားသော အစားအစာများနဲ့ အိပ်စက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဖိစီးမှုလျှော့ချခြင်းတို့လည်း ပြုလုပ်ခိုင်းခဲ့ပါတယ်။
▪️ နနွင်း၊ ရို့စ်မယ်ရီ၊ ကြက်သွန်ဖြူ၊ ဘယ်ရီသီးများ၊ လက်ဖက်စိမ်း၊ အူလုံလက်ဖက်ရည်တို့လို methyl adaptogen အများအပြားပါဝင်တဲ့ အစားအစာတွေ စားသုံးသူတွေဟာ ကိုယ်တွင်းဇီဝသက်တမ်း သိသိသာသာ နုပျိုတာကို တွေ့ရပါတယ်။
▪️ ပါဝင်တဲ့ဒြပ်ပေါင်းတွေက ကျန်းမာသန်စွမ်းစွာ အိုမင်းလာစေပြီး နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေ လျော့နည်းစေရန် ကူညီပေးတယ်လို့လည်း ယခင်တည်းက တွေ့ရှိထားပါတယ်။
▪️ ဟင်းရွက်များ၊ အသီးအနှံများ၊ လက်ဖက်တို့မှာပါဝင်တဲ့ ပိုလီဖီနောလ်က အိုမင်းရင့်ရော်ခြင်းကို နှေးစေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဒီလေ့လာချက်က ကိုယ်တွင်းဇီဝအိုမင်းခြင်းကို လျှော့ချဖို့နဲ့ ရေရှည်ကျန်းမာရေးတို့အတွက် အထောက်အကူပေးတဲ့ စားစရာတွေဖြစ်ပါတယ်။
#Source: SciTechDaily