#World_Health
Published 28 June 2025

▪️ အသည်းအင်္ဂါဆိုတာက ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်ပစ္စည်းများ ရှင်းလင်းပေးခြင်း၊ အစာခြေခြင်းအတွက် အစာခြေရည် ထုတ်လုပ်ပေးခြင်း၊ ဇီဝဖြစ်စဉ် ထိန်းညှိပေးခြင်းတို့မှာ အဓိကပါဝင်လုပ်ဆောင်ပါတယ်။

▪️ ဒါကြောင့် ကျန်းမာရေးကောင်းမွန်ဖို့ အသည်းကြံ့ခိုင်နေစေရန် အရေးကြီးပါတယ်။

▪️ အသည်းလုပ်ဆောင်ချက် တိုးတက်စေတဲ့ စားစရာတွေဆိုရင် အဆီဖုံးခြင်း၊ ရောင်ရမ်းခြင်းတို့ကို လျှော့ချကာကွယ်ပေးပါတယ်။

(၁) အစိမ်းရောင်အရွက်များ
▪️ ဟင်းနုနွယ်၊ ကိုက်လံ၊အာရူဂူလာတို့လို အရွက်တွေမှာ ကလိုရိုဖီးလ်ပါဝင်ပြီး အသည်းကို အဆိပ်အတောက်ရှင်းပေးပါတယ်။

(၂) ပွင့်ချပ်ပါသောဟင်းရွက်များ
▪️ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီဖြူတို့က အမျှင်ဓာတ်နဲ့ အကျိုးပြုအပင်ဒြပ်ပေါင်းမား ပါဝင်ကာ အသည်းရဲ့ အဆိပ်ဖယ်ရှားခြင်းဖြစ်စဉ်များကို ကူညီပေးပါတယ်။

(၃) ဘယ်ရီသီးများ
▪️ ဘလူးဘယ်ရီနဲ့ ခရန်ဘယ်ရီတို့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး အသည်းထိခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။

(၄) အဆီပါသောငါး
▪️ ဆော်လ်မွန်၊ ငါးကွပ်ရှပ်တို့လို ငါးတွေက အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ကြွယ်ဝသဖြင့် အသည်းအဆီကို လျှော့ချပေးနိုင်ကာ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

(၅) သံလွင်ဆီ
▪️ အသည်းအင်ဇိုင်းပမာဏ လျှော့ချပေးကာ အင်ဆူလင်လှုံ့ဆော်ပေးနိုင်တဲ့အပြင် သက်ကြီးရွယ်အိုတွေမှာ အသည်းအဆီဖုံးခြင်းကို လျော့နည်းစေနိုင်ပါတယ်။

(၆) အခွံမာသီးများ
▪️ အသည်းကိုကျန်းမာစေတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပြီး အသည်းအဆီဖုံးရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

(၇) ကော်ဖီ
▪️ ကော်ဖီသောက်ခြင်းဖြင့် အသည်းရောဂါအမျိုးမျိုးကို လျှော့ချနိုင်တဲ့အပြင် စွမ်းအင်ပမာဏ မြှင့်တင်ပေးခြင်း၊ ဆီးချိုဖြစ်နိုင်ခြေ လျှော့ချခြင်း၊ ဦးနှောက်ကျန်းမာရေး တိုးတက်စေခြင်းတို့ကို ကူညီပေးပါတယ်။

#Source: DoctorNDTV