#World_News
Published 28 June 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ခေါင်းဆောင် အလီခါမာနီကို သောကြာနေ့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကာ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဖယ်ရှားဖို့အစီအစဉ်တွေ ပယ်ဖျက်ခဲ့ပြီး အကယ်၍ အီရန်သာ ယူရေနီယံထုတ်လုပ်မှုတွေကို စိုးရိမ်စရာအနေအထားထိ ပြုလုပ်နေပါက ထပ်မံဗုံးကျဲတိုက်ခိုက်သွားရန် စဉ်းစားနေကြောင်း ပြောသွားပါတယ်။
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အီရန်ရဲ့ နျူကလီးယားစက်ရုံနေရာများကို အမေရိကန်ဗုံးကျဲခဲ့ရာ အစ္စရေးလ်-အီရန်စစ်ပွဲ အဆုံးသတ်ခဲ့ပြီးနောက် ခါမာနီပထမဆုံးပြောကြားခဲ့တာကို ထရမ့်က တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
▪️ ကာတာရှိ အမေရိကန်စစ်စခန်းကြီးတစ်ခုကို အီရန်လက်စားချေတိုက်ခိုက်ခဲ့ခြင်းက အမေရိကန်ကို ထိုးနှက်လိုက်နိုင်တာ ဖြစ်ပြီး အီရန်အနေနဲ့ ဘယ်တော့မှ အရှုံးမပေးဘူးလို့ ခါမာနီက ပြောခဲ့တာ ဖြစ်ပါတယ်။
▪️ ဇွန် ၁၅ ရက်နေ့က အီရန်ခေါင်းဆောင်ကို အစ္စရေးလ်လုပ်ကြံသတ်ဖြတ်မယ့် အစီအစဉ်တစ်ခုကို ထရမ့်က ဗီတိုအာဏာသုံးပယ်ချခဲ့ကာ ခါမာနီရဲ့အသက်ကို ညှာတာပေးခဲ့တယ်လို့ ထရမ့်ကဆိုပါတယ်။
▪️ "ထရမ့်အနေနဲ့ သဘောတူညီချက် လိုချင်နေရင် အီရန်ခေါင်းဆောင်အပေါ် လေးစားမှုမရှိတဲ့လေသံမျိုး မပြောသင့်ပါဘူး" လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ချီက X ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
▪️ ထရမ့်ကလည်း အီရန်အနေနဲ့ အလျင်အမြန် ပြန်လည်ထူထောင်လာနိုင်စေရန် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားပေးဖို့ စဉ်းစားထားပေမယ့် အခုတော့ မပြုလုပ်တော့ဘူးလို့ ဆိုပါတယ်။
▪️ အီရန်နျူကလီးယားစက်ရုံနေရာများ တိုက်ခိုက်ခံရခြင်းကြောင့် ပျက်စီးထိခိုက်မှုများအပေါ် ဆန်းစစ်ဖို့ နိုင်ငံတကာ နျူကလီးယားစွမ်းအင်အေဂျင်စီ၊ ကုလသမဂ္ဂနျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ ဒါမှမဟုတ် အခြားသော အဆင့်အတန်းရှိအဖွဲ့များမှ စစ်ဆေးရေးများကို ထရမ့်က အလိုရှိနေပါတယ်။
▪️ ဒါပေမဲ့ အီရန်ဟာ ယင်းတို့ရဲ့ နျူကလီးယားစက်ရုံနေရာများထံ လာရောက်စစ်ဆေးရန် တောင်းဆိုမှုများကို ပယ်ချနိုင်တယ်လို့ အာရက်ချီက ပြောထားပါတယ်။
#Source: Reuters