#World_Health
Published 26 May 2025
▪️ ကလေးငယ်တွေ လမ်းလျှောက်စသင်တဲ့အခါ ခြေဖျားထောက်လျှောက်တတ်ကြပါတယ်။
▪️ ဒါပေမဲ့ အသက် ၃ နှစ်ကျော်တဲ့အထိ ခြေဖျားထောက်လျှောက်နေသေးရင်တော့ ဒါဟာ အော်တစ်ဇင်လက္ခဏာ ဖြစ်နေနိုင်ပါတယ်။
▪️ ကလေးငယ်ဟာ အစောပိုင်းဖွံ့ဖြိုးမှုကာလတွေမှာ ခြေဖနောင့် မြေကြီးမထိဘဲ လျှောက်တတ်ကြပြီး အသက် ၃ နှစ်ကျော်တဲ့အထိ ဒီအတိုင်းဆက်ဖြစ်နေရင်တော့ မိဘတွေ လစ်လျူမရှုသင့်ဘူးလို့ ရာမိုင်ယာမမ်မိုရီယယ်ဆေးရုံမှ ကလေးဆရာဝန် ဒေါက်တာ ပရာထနာကာရမ်ဘိုင်ယာကေက ပြောပါတယ်။
▪️ အော်တစ်ဇင် ခေါ် ASD ဆိုတာက အာရုံကြောဖွံ့ဖြိုးမှုရောဂါဖြစ်ပြီး ပြောဆိုဆက်ဆံရေး၊ သင်ယူလေ့လာရေး၊ ပြုမူဆက်ဆံရေးတို့ကို ထိခိုက်စေပါတယ်။
▪️ အော်တစ်ဇင်ရှိတဲ့သူတွေမှာ လူမှုဆက်ဆံရေး၊ ပြုမူဆောင်ရွက်ပုံတွေမှာ ပြဿနာရှိပြီး အနေအထားပုံမှန်မဟုတ်တဲ့ပုံစံ တွေ့နိုင်ကာ ဆိုးရွားမှုပုံစံ အမျိုးမျိုးဖြစ်နိုင်ပြီး စောစီးစွာ ထောက်ပံ့ကူညီပေးရင် စွမ်းရည်များ တိုးတက်လာနိုင်ပါတယ်။
▪️ အော်တစ်ဇင်ရှိတဲ့ ကလေး ၂၀ ကနေ ၄၅ ရာခိုင်နှုန်းလောက်မှာ ခြေဖျားထောက်လမ်းလျှောက်ကြပါတယ်။
▪️ ဒီလိုဖြစ်ရတာဟာ အချို့ကလေးတွေက ခြေဖနောင့် မြေကြီးနဲ့ထိရတာကို မကြိုက်တာကြောင့် ခြေဖျားထောက်လျှောက်လိုကြပြီး ထိတွေ့လှုပ်ရှားမှု အထိမခံနိုင်တာနဲ့ ဆက်စပ်နေတယ်လို့ ရှင်းပြပါတယ်။
▪️ နောက်တစ်ချက် ကိုယ်ဟန်မျှခြေဖြစ်ပြီး အော်တစ်ဇင်ကလေးတွေဟာ ကိုယ်ဟန်အနေအထား ထိန်းချုပ်ဖို့ခက်ခဲတာကြောင့် ခြေဖျားထောက်လမ်းလျှောက်ရတာ ဖြစ်နိုင်ပါတယ်။
▪️ စောစီးစွာမဖြေရှင်းပါက အာခီးလီးစ်အရွတ်တင်းကြပ်ကာ ခြေပြားခြင်း၊ အဆစ်နာခြင်း၊ ကောင်းစွာမလှုပ်ရှားနိုင်ခြင်းတို့ ဖြစ်လာကာ ပြေးခြင်း၊ ခုန်ခြင်းနဲ့ နေ့စဉ်လှုပ်ရှားမှုများပြုလုပ်ရန် ခက်ခဲနိုင်ပါတယ်။
▪️ ရုပ်ပိုင်းဆိုင်ရာ ကုသမှုပုံစံများဖြင့် ကြွက်သားတွေကို သန်မာစေပြီး ပုံမှန်အတိုင်းလမ်းလျှောက်တဲ့ ပုံစံကို ကူညီပေးနိုင်မှာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
▪️ စောစီးစွာသိရှိဖို့က အရေးကြီးတာကြောင့် ကလေးငယ်တွေ အသက် ၃ နှစ်အရွယ်မှာ ခြေဖျားထောက်လမ်းလျှောက်နေသေးရင် ဆရာဝန်နဲ့ပြသသင့်ပါပြီ။
#Source: India Today