#World_News
Published 26 May 2025

▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့အခွန်စည်းကြပ်ရေးမူဝါဒဟာ ပြည်တွင်းထုတ် တင့်ကားများနဲ့ နည်းပညာပစ္စည်းများ မြှင့်တင်ရန် ရည်ရွယ်တာဖြစ်ပြီး ဖိနပ်တွေ၊ တီရှပ်တွေအတွက် မဟုတ်ဘူးလို့ တနင်္ဂနွေနေ့က ပြောသွားပါတယ်။

▪️ နယူးဂျာစီမှာ Air Force One လေယာဉ်ပေါ်မတက်ခင် သတင်းထောက်တွေနဲ့ ပြောကြားရာမှာ အမေရိကန်ဟာ အထည်အလိပ်လုပ်ငန်း ထွန်းကားတာကို လိုအပ်တာမဟုတ်ဘူးလို့ ဧပြီ ၂၉ ရက်နေ့က ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ပြောခဲ့တဲ့ စကားကို ထရမ့်က မှတ်ချက်ပြုထောက်ခံလိုက်ရာ နိုင်ငံတော် အထည်အလိပ်အဖွဲ့အစည်း ကောင်စီမှ ဝေဖန်ခဲ့ကြပါတယ်။

▪️ ဖိနပ်တွေ တီရှပ်တွေထုတ်ဖို့ ရှေးရှုတာမဟုတ်ကြောင်း၊ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ချင်ကြောင်း၊ ကြီးမားတဲ့အရာတွေ ပြုလုပ်ချင်ကြောင်း၊ ကွန်ပျူတာတွေမှာ AI အသုံးပြုချင်ကြောင်း ထရမ့်က ပြောပါတယ်။

▪️ "ရိုးရိုးသားသားပြောရရင် တီရှပ်တွေ ခြေအိတ်တွေထုတ်ဖို့ ကြံရွယ်နေတာ မဟုတ်ပါဘူး။ ဒါတွေကို တခြားနေရာတွေမှာ ကောင်းကောင်းလုပ်နိုင်ပါတယ်။ ဆားကစ်ပြားတွေ ကွန်ပျူတာတွေ အခြားအရာတွေ တင့်ကားတွေ သင်္ဘောတွေပြုလုပ်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောသွားပါတယ်။

▪️ ထရမ့်ဟာ သူ့ရဲ့တင်းကြပ်တဲ့ ကုန်သွယ်ရေးပုံစံကို ပြန်လည်အသက်သွင်းနေပြီး ကျယ်ပြန့်တဲ့ အခွန်စည်းကြပ်ချမှတ်မှုတွေနဲ့အတူ ကမ္ဘာ့ဈေးကွက်ကို ပြောင်းပြန်လှန်လိုက်ကာ ဇွန် ၁ ရက်နေ့မှစပြီး ဥရောပသမဂ္ဂကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင်နှုန်းချမှတ်ရန် ကြိုးပမ်းခဲ့သလို အမေရိကန်သုံးစွဲသူများမှ ဝယ်ယူတဲ့ တင်သွင်း iPhone တွေအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်ဖွယ်ရှိတယ်လို့ Apple ကို သတိပေးထားပါတယ်။

#Source: Reuters