#World_Health
Published 26 May 2025
▪️ ခရီးသွားတဲ့အခါမှာ ကိုယ်နဲ့မရင်းနှီးတဲ့ နေရာဒေသမှ ပိုးမွှားတွေနဲ့ ထိတွေ့နိုင်ပြီး ကျန်းမာရေးအပေါ် သက်ရောက်လာနိုင်ပါတယ်။
▪️ ခရီးသွားစဉ် ရောဂါကူးစက်ခြင်း၊ အစာအိမ်ပြဿနာ၊ အရေပြားပြဿနာများမှ ကာကွယ်ရန် တကိုယ်ရည်သန့်ရှင်းမှုက မရှိမဖြစ်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
▪️ ဒါကြောင့် ခရီးသွားစဉ်မှာ ဘေးကင်းကျန်းမာနေစေမယ့် သန့်ရှင်းမှုနည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။
(၁) လက်သန့်စင်ဆေးအသုံးပြုပါ
▪️ လက်ကိုအမြဲသန့်ရှင်းအောင် ထားဖို့က ပထမဆုံးအကာအကွယ်ဖြစ်တာကြောင့် အယ်ကိုဟော ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်စင်ဆေးကို အမြဲဆောင်ထားပြီး အများသုံးနေရာများနဲ့ ထိတွေ့ပြီးတိုင်း၊ မစားခင်တိုင်းမှာ အသုံးပြုသင့်ပါတယ်။
(၂) ဝတ္ထုမျက်နှာပြင်များအား သုတ်သင်ပါ
▪️ ရထား၊ လေယာဉ်၊ ဟိုတယ်အခန်းတွေဟာ ထင်ထားသလောက် သန့်ရှင်းမနေနိုင်ပါဘူး။
▪️ လူအထိအတွေ့များတဲ့ နေရာတွေကို ပိုးသန့်စင်ဆေးများဖြင့် အရင်ဆုံးသုတ်သင်သင့်ပါတယ်။
(၃) မိမိမျက်နှာကိုမထိတွေ့ပါနှင့်
▪️ အရာဝတ္ထုမျိုးစုံနဲ့ ထိတွေ့နေရတဲ့ လက်ဖြင့် မျက်နှာကိုထိတွေ့ရင် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်များသို့ ရောဂါပိုးမွှားများ ရောက်ရှိနိုင်ကာ အသက်ရှူလမ်းကြောင်းနဲ့ အရေပြားရောဂါများ ဖြစ်နိုင်ပါတယ်။
(၄) အစားအစာနှင့်သောက်ရေဂရုပြုပါ
▪️ ခရီးသွားသူတွေမှာ စားစရာကြောင့် နေမကောင်းဖြစ်တတ်ကြပြီး သန့်ရှင်းမှုမရေရာတဲ့ လမ်းဘေးစာများ ရှောင်ရှားသင့်ပါတယ်။
▪️ ရေသန့်ဗူးနဲ့ သန့်စင်ပြီးရေကိုသာ သောက်သုံးပြီး ရေပိုက်ခေါင်းမှရေကို ရှောင်ရှားရပါမယ်။
(၅) ခရီးသွားရေအိမ်သန့်ရှင်းပစ္စည်းဆောင်ထားပါ
▪️ အများသုံးရေအိမ်တွေက မသန့်ရှင်းနိုင်တာကြောင့် အိမ်သာသန့်စင်ဆေးများ၊ တစ်ရှူးများ၊ အဖုံးအကာများ၊ လက်သန့်စင်ဆေးများ ဆောင်ထားသင့်သလို ဆီးလမ်းကြောင်းရောဂါများနဲ့ အရေပြားပြဿနာများ ကာကွယ်ဖို့ ရေအိမ်သန့်ရှင်းမှု ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။
(၆) ပေါ့ပါးသန့်ရှင်းသောအဝတ်များဝတ်ဆင်ပါ
▪️ ခရီးသွားတဲ့အခါ ချွေးတွေပိုမိုအထွက်မြန်ပြီး စုပြုံလာနိုင်ပါတယ်။
▪️ ချည်သားလို လေဝင်လေထွက်ကောင်းတဲ့ အဝတ်များဝတ်ဆင်ကာ နေ့စဉ်လဲဝတ်သင့်သလို ခြေအိတ်တွေ အတွင်းခံတွေ ပြန်မဝတ်သင့်ပါဘူး။
(၇) ခံတွင်းသန့်ရှင်းရေးမမေ့ပါနှင့်
▪️ အလျင်စလို ခရီးသွားတဲ့နေ့တွေမှာ သွားမတိုက်ဖြစ်တတ်တာက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
▪️ ဒါကြောင့် သွားတိုက်တံ၊ သွားတိုက်ဆေးတို့ကို အမြဲဆောင်ထားခြင်းဖြင့် အနံ့ဆိုးကာကွယ်ပေးရုံမက သွေးကြောထဲ ရောဂါကူးစက်နိုင်ခြေကို လျှော့ချပေးပါတယ်။
#Source: DoctorNDTV