Published 14 November 2021

SARS-CoV-2 ရောဂါပိုးကူးစက်ခံထားရတဲ့ မိခင်ပဲဖြစ်ဖြစ်၊ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ မိခင်ပဲဖြစ်ဖြစ် ထိုကလေးအမေတွေရဲ့ မိခင်နို့ကိုသောက်သုံးရတဲ့ ကလေးငယ်လေးတွေဟာ ကိုဗစ်ရောဂါပိုးကိုတိုက်ဖျက်နိုင်တဲ့ antibody ခုခံအားကို ရရှိနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က JAMA ကလေးဆေးပညာဂျာနယ်မှာ လေ့လာတွေ့ရှိချက်ကို ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါပိုးကူးစက်ခံရဖူးတဲ့ ကလေးအမေ ၄၇ ယောက်နဲ့ မိုဒါနာ ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေး တစ်မျိုးမျိုးထိုးထားပြီး ရောဂါကင်းစင်တဲ့ကလေးအမေအယောက် ၃၀ ရဲ့ မိခင်နို့နမူနာတွေထဲက antibody ကို သုတေသီတွေက လေ့လာခဲ့ကြပါတယ်။

ကလေးအမေနှစ်ဖွဲ့စလုံးရဲ့ antibody ခုခံအားတွေဟာ SARS-CoV-2 ဗိုင်းရပ်စ်ကို ချေဖျက်နိုင်ကြပြီး ရောဂါကူးစက်မှုကြောင့်ရရှိခဲ့တဲ့ antibody တွေဟာ မိခင်နို့ထဲမှာ အချိန်ကြာကြာရှိနေနိုင်ကာ ကာကွယ်ဆေးကရတဲ့ antibody ပမာဏကလည်း တပြေးညီဖြစ်နေတာကို တွေ့ရှိခဲ့ရကြောင်း ရိုချက်စတာဆေးပညာတက္ကသိုလ်မှ စမ်းသပ်မှုကိုဦးဆောင်ခဲ့တဲ့ ဘရစ်ဂတ်ယန်းက ပြောသွားပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံရပြီးချိန်မှာတောင် ကာကွယ်ဆေးထိုးနှံလိုက်ခြင်းက အကျိုးကျေးဇူးရရှိနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီမိခင်နို့မှာ အမျိုးမျိုးသော antibody ခုခံအားတွေ ထွက်ရှိလာနိုင်တာကြောင့်ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အဲဒီမိခင်နို့တွေကို သောက်သုံးတဲ့ ကလေးငယ်တွေရဲ့ antibody ခုခံအားကိုတော့ သုတေသီတွေက မလေ့လာသေးရပါဘူး။