၄ ဖေဖော်ဝါရီ ၂၀၂၅

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UNHRC မှ အမေရိကန်နှုတ်ထွက်မယ့် သမ္မတအမိန့်ကို သမ္မတထရမ့်က ဒီကနေ့ မှာ လက်မှတ်ရေးထိုးဖို့ရှိနေပါတယ်လို့  အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောပါတယ်။

ထရမ့်ဟာ သူ့ရဲ့ပထမသက်တမ်းမှာ UNHRC နှင့် ဆက်ဆံမှုဖြတ်တောက်ခဲ့ပါသေးတယ်။ အမေရိကန်ရဲ့ ပါတီနှစ်ခုစလုံးက ခေါင်းဆောင်တွေက အဲဒီအဖွဲ့အစည်းဟာ အစ္စရေးနှင့်ပတ်သက်လို့ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ ကာလကြာကတည်းက ပြောထားခဲ့ကြပါတယ်။

သမ္မတရဲ့အမိန့်ထဲမှာ ကုလသမဂ္ဂ  ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ UNRWA ရဲ့ အနာဂတ်ရန်ပုံငွေတွေကိုလည်း ဖြတ်တောက်ပစ်တာပါဝင်မယ်လို့ဆိုပါတယ်။ အဲဒီ UNRWA အေဂျင်စီဟာ ပါလက်စတိုင်းတွေကို ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။  အစ္စရေးနှင့်ဟာမားစ်တို့ စစ်ပွဲဆက်ဖြစ်နေတဲ့အချိန်မှာ ဘိုင်ဒင်အစိုးရက ရန်ပုံငွေရပ်ပစ်ခဲ့ဖူးပါတယ်။

Source NPR