Published 19 October 2023

အီတလီလူမျိုး မော်တော်ဆိုင်ကယ်စီးသူ တစ်ဦးဟာ ဆိုင်ကယ်မှောက်ပြီး ဝှေးစေ့က နေရာလွဲသွားကာ ဝမ်းဗိုက်ထဲသို့ ရောက်ရှိပြီးနောက် အလွန်နာကျင်နေရကြောင်း BMJ Case Reports မှာ ဖော်ပြထားပါတယ်။

အဆိုပါ ရှားပါးဖြစ်စဥ်ဟာ အီတလီမှာ မော်တော်ဆိုင်ကယ် စီးနင်းလာသူတစ်ဦးက အက်ဆီးဒင့်ဖြစ်ပြီး ညာဘက်ဝှေးစေ့က နေရာလွဲသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိခိုက်မှုကြောင့် ကပ္ပါယ်အိတ်ထဲကနေ ဝှေးစေ့က ထွက်သွားပြီး ပေါင်ခြံအပေါက်ကနေ ဖြတ်သန်းကာ ဝမ်းဗိုက်ထဲ ရောက်ရှိသွားပါတယ်။

ဆေးရုံရောက်ရှိရာမှာ ကပ္ပါယ်အိတ်မှာ သွေးခဲအများအပြား ရှိနေပြီး ဆေးဝန်ထမ်းများ စစ်ဆေးရှာဖွေဖို့ ခက်ခဲနေခဲ့ပါတယ်။

သွေးကျန်တွေ ထုတ်ပစ်ပြီး သွေးရပ်တန့်စေခဲ့ပြီးနောက် အခြားဒဏ်ရာများကိုလည်း ရှာဖွေကြည့်ရာမှာ တင်းပါးရိုး ကျိုးနေတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

ဆီးလမ်းကြောင်း ထိခိုက်မှုရှိမရှိကိုလည်း သေချာအောင် စစ်ဆေးခဲ့ကြပါတယ်။

ဓာတ်မှန်ဖြင့် စစ်ဆေးခဲ့ရာမှာ နေရာလွဲသွားတဲ့ ဝှေးစေ့ကို ဝမ်းဗိုက်ညာဘက်စွန်းမှာ တွေ့ရှိခဲ့ပါတယ်။

နေရာမှန်သို့ ပြန်မထည့်ခင်မှာ အောက်ဆီဂျင် ပြတ်လပ်နေတဲ့ဝှေးစေ့ကို နွေးအောင်ပြုလုပ်ခဲ့ပြီး အောက်သို့ပြန်ကျအောင် ကုသပေးခဲ့ပါတယ်။

၆ လအကြာမှာ နဂိုနေရာသို့ ပြန်ရောက်ရှိလာကာ ဟော်မုန်းထုတ်လုပ်မှုတွေ၊ သုတ်ရည်ထုတ်လုပ်မှုတွေ ထိခိုက်ခြင်းမရှိပေမယ့် ကပ္ပါယ်အိတ် ကျယ်လာတာမျိုးတော့ ကံဆိုးရင်ဖြစ်တတ်ပါတယ်။

မော်တော်ဆိုင်ကယ် အက်ဆီးဒင့်ကြောင့် ဝှေးစေ့နေရာလွဲသွားတဲ့ ဖြစ်ရပ်တွေထဲက ၆ ရာခိုင်နှုန်းလောက်သာ ဝမ်းဗိုက်ထဲအထိ ရောက်ရှိခဲ့ပါတယ်။
Source: New York Post
#World_Health
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group