Published 25 September 2023

ဦးနှောက်ဆဲလ် အစိတ်အပိုင်းတွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၈၀၀ ခန့်က ပင်လယ်တိမ်တွေမှာ စတင်ဖြစ်ပေါ်ခဲ့တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

စပိန်နဲ့ ဂျာမနီတို့မှ ပညာရှင်တွေက ပလေကိုဇိုအန်လို့ ခေါ်တဲ့ အထူးဆဲလ်တွေရဲ့ စရိုက်လက္ခဏာများကို တွေ့ရှိခဲ့ပါတယ်။

ထိုဆဲလ်တွေက အတွင်းအင်္ဂါမရှိဘဲ သဲမှုန်တစ်မှုန်မျှ အရွယ်အစားသာ ရှိပါတယ်။

ပလေကိုဇိုအန်တွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၈၀၀ ခန့်က အဏုဇီဝပိုးမွှားတွေကို လိုက်ဖမ်းကာ  ပူနွေးတဲ့ပင်လယ်တိမ်တွေမှာ ရေညှိတွေ ရှာဖွေခဲ့ကြပါတယ်။

ဂျီနုန်းကွပ်ကဲရေးစင်တာမှ ဇီဝပညာရှင် ဆီဘက်ရှန်နဂျယ်နဲ့ အဖွဲ့က ပပ်တိုက်ဒါဂျစ်ဆဲလ်များဟာ ယခုလူသားတွေရဲ့ အာရုံကြောဆဲလ်များနဲ့ အလားသဏ္ဍာန်တူကြောင်း တွေ့ရှိခဲ့ပါတယ်။

အဆိုပါ ပပ်တိုက်ဒါဂျစ် ပလေကိုဇိုအန်ဆဲလ်တွေက ရှေးဦးအာရုံကြောဆဲလ်များနဲ့ တူညီမှု အများအပြားရှိနေကာ ဆင့်ကဲပြောင်းလဲရာ အစလို့ ပြောရမလိုပါပဲ။

မျိုးရိုးဗီဇ ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် ထိုဆဲလ်တွေက နျူရွန်တွေလိုမျိုး ပပ်တိုက်များထုတ်လွှတ်ကာ အပြုအမူများကို ထိန်းချုပ်ပေးပါတယ်။

ပလေကိုဇိုအာဆဲလ် ၄ မျိုးကို အစောပိုင်းသတ္တဝါများနဲ့ နှိုင်းယှဥ်ကြည့်ရာမှာ ထိုဆဲလ်တွေမှာ လူသားတွေရဲ့ နျူရွန်တွေလိုမျိုး မျိုးရိုးဗီဇတူတာတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆဲလ်တွေဟာ သက်ရှိတွေရဲ့ အခြေခံကျတဲ့ အရာတွေဖြစ်ပြီး အချိန်နဲ့အမျှ ပြောင်းလဲလာတာကို လေ့လာခြင်းဖြင့် သတ္တဝါတွေ ဆင့်ကဲပြောင်းလဲရခြင်းကို သိရှိလာနိုင်ပါတယ်။
Source: WION.
#World_Science
#YMG #Yangon_Times