#World_Health
Published 4 May 2023
ကမ္ဘာတဝှမ်းရှိ အာရုံကြောသိပ္ပံပညာရှင်များဟာ ဦးနှောက်လျှို့ဝှက်ချက်များ ဖော်ထုတ်ရာမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
သေလုမြောပါးဖြစ်နေပြီးနောက် သေဆုံးသွားခဲ့တဲ့ လူ ၂ ဦးရဲ့ဦးနှောက်ထဲက လျှို့ဝှက်ဆန်းကြယ်တဲ့လှုပ်ရှားမှုကို သုတေသီအဖွဲ့က တွေ့ရှိခဲ့ပါတယ်။
လူတစ်ယောက်မသေဆုံးမီ ဦးနှောက်လုံးဝမပိတ်ချခင် နောက်ဆုံးအချိန်မှာ ဦးနှောက်ထဲမှ သိပ္ပံနည်းလမ်းများကို နားလည်ဖို့ကာလရှည်စွာ ကြိုးပမ်းနေခဲ့ပါတယ်။
နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိတ်ဆို့တာမျိုးဖြစ်လာတဲ့အခါ ဂမ်မာလှိုင်းမြင့်တက်လာတာကို အရင်လေ့လာမှုတွေမှာ တွေ့ရှိခဲ့ပါတယ်။
လူတစ်ဦးသေဆုံးပြီးနောက် နောက်ဆုံးအခိုက်အတန့်အတွင်း ဦးနှောက်အတွင်းဖြစ်ပျက်မှုများကို ပိုမိုနားလည်စေရန် အမေရိကန်အခြေစိုက် မီချီဂန်တက္ကသိုလ်မှသိပ္ပံပညာရှင်များက အသက်ရှူကိရိယာဖြုတ်ပြီးနောက် သေဆုံးလုနီးပါးဖြစ်နေတဲ့ လူနာ ၄ ဦးမှ EEG နဲ့ ECG တို့ကို ခွဲခြိမ်းစိတ်ဖြာခဲ့ကြပါတယ်။
လူနာ ၄ ဦးက ကိုမာအခြေအနေမှာ ရှိနေခဲ့တာဖြစ်ပါတယ်။
လူနာ ၂ ဦးမှာ ဂမ်မာလှုပ်ရှားမှုများ လှုံ့ဆော်ခြင်းဖြင့် အောက်ဆီဂျင်နည်းပါးခြင်းတွေ့ရှိလာကြောင်း သုတေသီများဖော်ပြထားပါတယ်။
"ဦးနှောက်လုပ်ဆောင်ချက်က နှလုံးရပ်တန့်ချိန်မှာ နားလည်ရခက်ခဲပါတယ်။ သတိလစ်သွားတာက နှလုံးရပ်တာနဲ့ ဆက်စပ်နေကာ သေခါနီးအချိန်မှာ သတိရှိနေလားဆိုတာ မသေချာပါဘူး" လို့ သိပ္ပံပညာရှင်တွေက ဖော်ပြထားပါတယ်။
သိပ္ပံပညာရှင်များက ၂၀၁၄ ခုနှစ်ကတည်းက အာရုံကြောအထူးကြပ်မတ်ဆောင်မှာ သေဆုံးခဲ့တဲ့လူနာများရှိတဲ့ မီချီဂန်တက္ကသိုလ်ကနေ ဖြစ်ရပ်များကို စစ်ဆေးခဲ့ပါတယ်။
ဦးနှောက်အစိတ်အပိုင်းတစ်ခုမှ ဂမ်မာလှိုင်းများစောင့်တက်သွားကာ ဦးနှောက်နှစ်ခြမ်းစလုံးမှာ တာဝေးချိတ်ဆက်မှုဖြစ်ပျက်သွားတာကို သတိပြုမိကြပါတယ်။
သေလုမြောပါးလူနာတွေရဲ့ဦးနှောက်မှာ ကော်တီကယ်အနောက်နေရာများလှုပ်ရှားမှုဖြစ်/မဖြစ် ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။
ဂမ်မာလှိုင်းတွေက ဟော့ဇုံလို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းမှာ အစပိုင်းတည်ရှိနေကာ အိပ်မက်မက်သူတွေ၊ ထင်ယောင်ထင်မှားဖြစ်တဲ့လူနာတွေမှာ ပတ်သက်နေပါတယ်။
ဦးနှောက်ထဲကဟော့ဇုံဟာ သတိရှိနေတဲ့ဖြစ်စဉ်အတွက် အလွန်အရေးကြီးတဲ့နေရာဖြစ်ပါတယ်။
မြင့်တက်လာတဲ့ ဂမ်မာလှိုင်းများကြောင့် သူတို့မြင်တွေ့သမျှကိုဖော်ပြလို့ရလောက်တဲ့အထိ လူနာတွေ အသက်မရှင်ခဲ့ကြပါဘူး။
ဒီတွေ့ရှိချက်ယန္တရားများနဲ့ ဇီဝကမ္မဆိုင်ရာအရေးပါမှုတို့ကို ပြည့်ပြည့်စုံစုံလေ့လာရန် လိုအပ်နေသေးသလို အချက်အလက်များအရ သေဆုံးခါနီးဦးနှောက်ဟာ လှုပ်ရှားနေဆဲဖြစ်ကြောင်း ဖော်ပြနေပါတယ်။
Source: India Today #World_Health #သေလုမြောပါးဖြစ်နေသည့်လူများ #ထူးခြားသော လှုပ်ရှားမှု #YMG #Yangon_Media_Group