Published 30 April 2023

တရုတ်နိုင်ငံ ချန်တူးမြို့မှာရှိတဲ့ ပန်ဒါကြီးမွေးမြူရေးသုတေသနစခန်းမှာ ပန်ဒါတစ်ကောင်က အခန်းထဲကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ နောက်အဖော်ပန်ဒါတစ်ကောင်က အတင်းပြန်ဆွဲချတဲ့ ရုပ်သံတစ်ခုကို မြင်တွေ့ကြရပါတယ်။

အိုင်ပန်ဒါလို့ အမည်ပေးထားတဲ့ မာလ်တီမီဒီယာပလက်ဖောင်းတစ်ခုပေါ်တင်ထားတဲ့ အဆိုပါဗွီဒီယိုမှာ ပန်ဒါပေါက်စပ် နှစ်ကောင်ဟာ အကျဉ်းကနေလွတ်မြောက်ချင်တာကြောင့် ကာရံထားတဲ့ ခြံစည်းရိုးအပေါ် ခုန်ကျော်တက်ဖို့ ကြိုးစားနေကြတာကိုတွေ့ကြရပါတယ်။ အဲဒီအထဲက တစ်ကောင်ဟာ ကြိုးစားတာမအောင်မြင်ပေမယ့် နောက်တစ်ကောင်ကတော့ အပေါ်ကိုရောက်လုနီးနီးရှိတဲ့အချိန်မှာ အောက်မှာရှိနနတဲ့ မနာလိုတဲ့ အဖော်က ပြန်ဆွဲချပါတယ်။

Source CCTV+

#ပန်ဒါကြီး

#တရုတ်ပန်ဒါကြီးများ

#YangonMediaGroup

Published 30 April 2023 တရုတ်နိုင်ငံ ချန်တူးမြို့မှာရှိတဲ့ ပန်ဒါကြီးမွေးမြူရေးသုတေသနစခန်းမှာ ပန်ဒါတစ်ကောင်က အခန်းထဲကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ"/>