Published 28 April 2023

ဘီဘီစီ ဥက္ကဋ္ဌ ရစ်ချတ်ရှပ်ဟာ သူ့ကိုအလုပ်ခန့်ထားတဲ့ လုပ်ငန်းစဉ်အတွင်း အကျိုးစီးပွား ပဋိပက္ခဖြစ်တဲ့ အကြောင်းအရာ နှစ်ခုကို ကြေညာရန်ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာတစ်ခုထွက်ပေါ်ပြီးနောက် ဘီဘီစီကော်ပိုရေးရှင်းဥက္ကဋ္ဌရာထူးကနေ နှုတ်ထွက်ခဲ့ရပါတယ်။

ရှပ်ဟာ ဗြိတိန်ကွန်ဆာဗေးတစ်ပါတီရဲ့ အလှုရှင်တစ်ဦးဖြစ်ပြီး  အဲဒီတုန်းက ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်နှင့် ဝန်ကြီးချုပ် ကို ပုဂ္ဂိုလ် ရေးချေးငွေပေးမယ့် လူတစ်ဦးနှင့် တွေ့ဆုံဖို့ သူက ကူညီစီစဉ်ပေးခဲ့ပါတယ်။

သူက သူ့အနေနှင့် ဘီဘီစီဥက္ကဋ္ဌအလုပ်လုပ်ချင်တယ်လို့ ဝန်ကြီးချုပ်ကိုကြိုပြောခဲ့ပြီး ခန့်အပ်ရေးအဖွဲ့ကိုလည်း သူဟာ ဝန်ကြီးတွေထောက်ခံတဲ့ တစ်ဦတည်းသော ကိုယ်စားလှယ်လောင်းဖြစ်တယ်လို့ပြောခဲ့ပါတယ်။

အဲဒီအပြင် သူ့ရဲ့ငယ်သူငယ်ချင်း ကနေဒါစီးပွားရေးလုပ်ငန်းရှင် ဆမ်ဘလင့်တ်ဟာ ရှပ်ဆီကိုလာခဲ့ပြီး ၂၀၂၀ခုနှစ်မှာ ဝန်ကြီးချုပ်ငွေကြေးအခက်ခဲရုန်းကန်နေရတာတွေကို ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

သူဟာ အများပြည်သူနှင့်ဆိုင်တဲ့အလုပ်ခန့်ထားခြင်းဆိုင်ရာ အစိုးရရဲ့ ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပေမယ့် သူကတော့ ဒီချိုးဖောက်မှုဟာ သူ့အလုပ်ခန့်ထားတာကို တရားမဝင်တော့အောင်လုပ်ဖို့အထိ မလိုအပ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။

Source agaencies

#ဘီဘီစီဥက္ကဋ္ဌရစ်ချတ်ရှပ်ရာထူးမှနှုတ်ထွက်

#ဗြိတိန်နိုင်ငံရေး

#YangonMediaGroup