#World_Science
Published 28 April 2023


စိုက်ပျိုးရေးစနစ်မှာ ပဋိဇီဝဆေးများ တွင်တွင်ကျယ်ကျယ်အသုံးပြုလာခြင်းကြောင့် လူတွေရဲ့ခုခံအားစနစ်ကို ပိုမိုယဉ်ပါးလာတဲ့ ဘက်တီးရီးယားများ တိုးပွားလာစေကြောင်း သိပ္ပံပညာရှင်များ သတိပေးလာကြပါတယ်။

 

လေ့လာချက်များအရ တရုတ်နိုင်ငံရှိ ဝက်ခြံတွေနဲ့ကြက်ခြံတွေမှာ ကြီးထွားဆေးအဖြစ် ဆယ်စုနှစ်ကြာအောင် အသုံးပြုနေတဲ့ ဘက်တီးရီးယားပိုးသတ်ဆေး'ကိုလစ္စတင်'ဟာ လူတွေရဲ့ရှေ့တန်းခုခံအားကို ကျော်လွှားသွားနိုင်ချေများပြီး E coli မျိုးကွဲများဖန်တီးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ကိုလစ္စတင်ကို တရုတ်နဲ့ နိုင်ငံအများအပြားမှာ တိရိစ္ဆာန်ဖြည့်စွက်စာအဖြစ် တားမြစ်ထားပေမယ့် ပဋိဇီဝဆေးအလွဲသုံးစားမှုကြောင့် ခြိမ်းခြောက်မှုများမြင်တွေ့လာရကာ စိုးရိမ်စရာဖြစ်လာပါတယ်။

 

ဒီကိစ္စက ပဋိဇီဝဆေးယဉ်ပါးတာထက် များစွာပိုပြီးအန္တရာယ်များနိုင်ပါတယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ဦးဆောင်သုတေသီပရော်ဖက်ဆာ 'ခရိတ်မက်လင်း'က The Guardian သတင်းစာကို ပြောပြခဲ့ပါတယ်။

 

ကိုလစ္စတင်နဲ့ အမျိုးအစားတူ ရှေးဖြစ်ပဋိဇီဝဆေး AMP ရဲ့ သက်ရောက်မှုတွေကိုလည်း လေ့လာခဲ့ကာ မွေးရာပါကိုယ်ခံစွမ်းအားကန့်သတ်ခြင်းအန္တရာယ် ရှိစေလိမ့်မယ်လို့ သုတေသီများယုံကြည်နေကြပါတယ်။

 

သက်ရှိအများစုမှာ AMP တွေကို မွေးရာပါကိုယ်ခံအားတုန့်ပြန်မှုအစိတ်အပိုင်းအဖြစ် ထုတ်လုပ်ကြပြီး ရောဂါကူးစက်ဝင်ရောက်တဲ့အခါ ပထမဆုံးကာကွယ်သူတွေဖြစ်ပါတယ်။

 

လေ့လာမှုထဲမှာ MCR-1 ယဉ်ပါးမျိုးရိုးဗီဇပါရှိတဲ့ E coli က ဝက်နဲ့လူသားတွေမှာ မွေးရာပါကိုယ်ခံစွမ်းအားအတွက် မရှိမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍမှပါဝင်နေတယ်လို့ သိထားတဲ့ AMP များနဲ့ ထိတွေ့စေခဲ့ပါတယ်။

 

MCR-1 မျိုးရိုးဗီဇပါရှိတဲ့ E coli ဟာ လူသွေးရည်ကြည်မှ ဖယ်ရှားခံရလို့ ဆေးယဉ်ပါးတာထက် ၂ ဆပိုပြီးယဉ်ပါးကြောင်း သုတေသီများရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

ထိုမျိုးရိုးဗီဇမပါတဲ့ ဘက်တီးရီးယားတွေနဲ့ ယှဉ်ပါက လူသားနဲ့တိရိစ္ဆာန် AMP တွေကို ၆၂ ရာခိုင်နှုန်းပိုမိုယဉ်ပါးနိုင်ပါတယ်။

 

E coli ကူးစက်ခံနိုင်ရခြေလိုမျိုး လက်တွေ့ကျကျဖြစ်လာနိုင်တာတွေအဖြစ် ဆက်ဖြစ်မှာလားဆိုတာကိုတော့ ခန့်မှန်းလို့မရဘူးလို့ မက်လင်းကဆိုပါတယ်။

 

တရုတ်က ကိုလစ္စတင်ကို ကြီးထွားဆေးအဖြစ် တားမြစ်လိုက်ရာမှာ E coli မျိုးကွဲပျံ့ပွားနိုင်ချေ သိသိသာသာကျဆင်းခဲ့ပါတယ်။

 

ဒါပေမဲ့ဒီအချက်အလက်တွေက အခြေခံဖြစ်နိုင်ချေများအပေါ်သာမူတည်ကာ သေသေချာချာမဆန်းစစ်ရသေးပါဘူး။

 

ဘက်တီးရီးယားက AMP အခြေပြုဆေးတွေအဖြစ် ဆင့်ကဲပြောင်းလဲသွားရင် ကိုယ်ခံအားစနစ်ထောက်တိုင်တစ်ခုခုကို ယဉ်ပါးလာမှာစိုးရိမ်ရပါတယ်။

 

Source: WION #World_Science #စိုက်ပျိုးရေး #ပဋိဇီဝဆေး #ကိုယ်ခံအားစနစ်
#YMG #Yangon_Media_Group