Published 24 April 2023

ပါကစ္စတန်ရဲ့လက်ရှိ နိုင်ငံရေးနှင့်စီးပွားရေးအကျပ်အတည်းတွေက စစ်တပ်က အာဏာရယူမည့်အခြေအနေသို့ ဦးတည်သွားနိုင်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းက သတိပေးပြောကြားလိုက်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ခပ်မြန်မြန်အဆုံးမသတ်ဘူးဆိုရင် စစ်တပ်က အာဏာယူဖို့ ဖြစ်နိုင်ချေရှိနေတယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှာဟစ်ခါကန်အက်ဘာဆီက အရုဏ်ဦးသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဘက်ဘာဆီက ပါကစ္စတန်ရဲ့ စစ်အုပ်ချုပ်ရေးရှည်ကြာခဲ့တဲ့ကာလတွေကို ရည်ညွှန်းပြောဆိုခဲ့ပြီး စစ်တပ်ဟာ သိပ်ပြီးဆိုးရွားမှုမရှိတဲ့အခြေအနေမှာတောင် အာဏာကို ထိန်းချုပ်ရယူတာမျိုးတွေရှိခဲ့တယ်လို့ပြောပါတယ်။

ဒီလိုအဖြစ်မျိုးကို ဟန့်တားနိုင်ဖို့အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တွေ့ဆုံဆွေးနွေးမှုတွေစတင်ဖို့လိုအပ်နေပြီလို့ သူကအလေးပေးပြောဆိုပါတယ်။ အဖွဲ့အစည်းတွေနှင့်အခြေအနေအကြား ပဋိပက္ခကို မဖြေရှင်းနိုင်ဘူးဆိုရင် စစ်အုပ်ချုပ် ရေးဥပဒေဟာ ဖြစ်လာနိုင်တယ်လို့လည်း သူကပြောပါတယ်။

“ စနစ်က အလုပ်မဖြစ်တော့တဲ့အခါ ဒါမှမဟုတ် အဖွဲ့အစည်း institutions  တွေနှင့် နိုင်ငံရေးခေါင်းဆောင်မှုအကြား ပဋိပက္ခတစ်ခုရှိနေတဲ့အခါ ပြီးတော့ နိုင်ငံရေးခေါင်းဆောင်တွေက ရှေ့ကိုမတိုးနိုင်တော့ရင် စစ်အုပ်ချုပ်ရေးဟာ ဖြစ်နိုင်ချေ ရှိနေတုန်းပဲ” လို့  ပါကစ္စတန်အာဏာရပါတီဖြစ်တဲ့ ပါကစ္စတန်မူစလင်အဖွဲ့ချုပ်-နာဝက်ဇ်ရဲ့ အကြီးတန်းခေါင်းဆောင်   လည်းဖြစ်တဲ့ သူကပြောပါတယ်။

ပါကစ္စတန်ရဲ့လက်ရှိအကျပ်အတည်းမှာ အဓိကကစားသမား(၃)ဦးရှိနေတယ်လို့သူကပြောပါတယ်။ အဲဒီသူတွေက ပါကစ္စတန်တီဟရက်အိုင်အင်ဆပ်(ပီတီအိုင်)ရဲ့ ဥက္ကဋ္ဌ အင်မရန်ခန်၊ ပါကစ္စတန်မူစလင်အဖွဲ့ချုပ် နာဝက်ဇ်ရဲ့ ခေါင်းဆောင် နာဝက်ဇ်ရှာရစ်နှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချူပ်ကြီး အာဆင်မူနီယာတို့ဖြစ်ကြပြီး သူတို့ဟာ ကိုယ့်ရဲ့အကျိုးစီးပွားတွေ ကိုဘေးဖယ်ထားပြီး အတူတကွထိုင်ဆွေးနွေးဖို့လိုအပ်တယ်လို့လည်း ဆက်ပြောပါတယ်။

လက်ရှိ ပါကစ္စတန်ရဲ့ စီးပွားရေးနှင့်နိုင်ငံရေးအခြေအနေတွေဟာ အရင်တွေထက် ပိုပြီးဆိုရွားနေပြီး ဒီလိုအခြေအနေမျိုး ယခင်ကရှိခဲ့တိုင်း စစ်တပ်က အာဏာရယူလေ့ရှိတယ်လို့လည်း သူက အလေးပေးပြောဆိုပါတယ်။

ပါကစ္စတန်ရဲ့လက်ရှိ စီးပွားရေးနှင့်နိုင်ငံရေးအခြေအနေတွေက တိုးတက်လာမယ့် အရိပ်အယောင်မတွေ့ရဖြစ်နေပါတယ်။ စစ်တပ်က ကြားဝင်တာဖြစ်လာမှာမဟုတ်ဘူးလို့ သူမျှော်လင့်ကြောင်းနှင့် ကြားဝင်စွက်ဖက်လိုက်ရင် အခြေအနေက ပိုဆိုး သွားလိမ့်မယ်လို့လည်းသူကဆိုပါတယ်။

နိုင်ငံရေးအရအဖြေရှာခြင်းကသာ တိုးတက်မှဒရှိစေနိုင်မှာဖြစ်တယ်လို့လည်း သူကဆက်လက်ပြောဆိုပါတယ်။

အဲဒီအပြင် အမေရိကန်တို့၊ဗြိတိန်တို့လို နိုင်ငံခြားတိုင်းပြည်တွေက ပြဿနာတွေပြေငြိမ်းအောင် ဝင်ရောက် ဖျန်ဖြေပေးတဲ့ စိတ်ကူးကိုလည်း အက်ဘာဆီက ပယ်ချခဲ့ပါတယ်။ အဖြေဟာ ပြည်တွင်းထဲကပဲ လာဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။

Source WION

#ပါကစ္စတန်အကျပ်အတည်း

#ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းရှာဟစ်ခါကန်အက်ဘာဆီ

#YangonMediaGroup