Published 24 March 2023

ပြင်သစ်နိုင်ငံမှာ ပင်စင်ပြုပြင်ပြောင်းလဲမှုအပေါ် မကျေနပ်ကြတဲ့သန်းနှင့်ချီတဲ့ ဆန္ဒပြသူများနှင့် ပြင်သစ် လုံခြုံရေးတပ်ဖွဲ့တွေအကြား မတ်လ၂၃ရက်ကြာသပတေးနေ့က ရုန့်ရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။  ပြင်သစ်ပြည်သူတွေဟာ သမ္မတ မက်ခရွန်ရဲ့ အကြီးအကျယ်အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ပင်စင်ပြုပြင်ပြောင်းလဲရေး အပေါ် ဆန့်ကျင်လာခဲ့ကြတာ သုံးလရှိပြီလည်းဖြစ်ပါတယ်။

ရဲအရာရှိ၁၅၀ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး များစွာသော ဆန္ဒပြသူတွေလည်း အဖမ်းခံခဲ့ကြရပါတယ်။ ပါရီမြို့အပါအဝင် မြို့တော်တော်များများမှာ ဆန္ဒပြမှုတွေကနေ ရုန့်ရင်းဆန်ခတ်မှုတွေဖြ်လာခဲ့ကြပြီး ဆန္ဒပြသူတွေက မီးကွင်းတွေနှင့် ပစ်ပေါက်ခဲ့ကြပါတယ်။

Source AFP

#ပြင်သစ်ပင်စင်ကိစ္စဆန္ဒပြပွဲ

#ပြင်သစ်ပင်စင်ပြုပြင်ပြောင်းလဲရေး

#YangonMediaGroup

Published 24 March 2023 ပြင်သစ်နိုင်ငံမှာ ပင်စင်ပြုပြင်ပြောင်းလဲမှုအပေါ် မကျေနပ်ကြတဲ့သန်းနှင့်ချီတဲ့ ဆန္ဒပြသူများနှင့် ပြင်သစ် လုံခြုံရေးတပ်ဖွဲ့တွေအကြား"/>