Published 19 March 2023

ရုရှားသမ္မတဗလက်ဒီမာပူတင်ဟာ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုအဖြစ် ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ ရုရှားက သိမ်းပိုက် ထားတဲ့ ဒွန်းဘတ်ဒေသက မာရီယူပူးလ်မြို့ကို သွားရောက်ခဲ့ပါတယ်။

ပူတင်ဟာ ခရိုင်းမီးယားမှာ လေယာဉ်ဆိုက်ပြီးသိပ်မကြာခင်မှာပဲ ပူတင်ဟာ ရုရှားတပ်တွေ မနှစ်ကတည်းက ထိန်းချုပ်ထားတဲ့ မာရီယူပူးလ်မြို့ကို သွားရောက်ခဲ့တာ  ဖြစ်ပါတယ်။

ပူတင်ဟာ မာရီယူပူးလ်ကို ရဟတ်ယာဉ်နဲ့သွားရောက်ခဲ့ပြီး မြို့ရဲ့ ခရိုင်တော်တော်များများကို ကားမောင်းပြီးလှည့်လည် ကြည့်ရှုခဲ့ပါတယ်လို့ ကရင်မလင်က သတင်းထုတ်ပြန်ပါတယ်။ အဲဒီအပြင် နက်ဗ်စကီမိုက်ခရို ခရိုင်မှာ ဒေသခံတွေ  နှင့်လည်း ပူတင်ကစကားပြောဆိုခဲ့ပြီး မာရီယူပူးလ်ရဲ့ ပင်လယ်ကမ်းရိုးတန်းတလျောက်စစ်ဆေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သမ္မတပူတင်က နိုင်ငံတကာတရားရုံးက စစ်ရာဇဝတ်မှုတွေနှင့် ဖမ်းဝရမ်းထုတ်အပြီး နောက်တစ်ရက်မှာ ပူတင်ဟာ ယခုလို အံအားသင့်စရာ ခရီးတစ်ခုသွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။

Source: WION/AFP Video

 

#ရုရှားသမ္မတဗလက်ဒီမာပူတင်

#ဒွန်းဘတ်ဒေသ၊မာရီယူပူးလ်မြို့

#YangonMediaGroup

Published 19 March 2023 ရုရှားသမ္မတဗလက်ဒီမာပူတင်ဟာ မမျှော်လင့်ထားတဲ့ ခရီးတစ်ခုအဖြစ် ဒီကနေ့ မတ်လ ၁၉ ရက်နေ့မှာ ရုရှားက သိမ်းပိုက် ထားတဲ့ ဒွန်းဘတ်ဒေသက"/>