Published 24 Nov 2022

✅ ကာလရှည်အတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်ကို မလေးရှားဘုရင်က မလေးရှားဝန်ကြီးချုပ်အဖြစ် ကြာသပတေးနေ့က ခန့်အပ်လိုက်ပြီး သူဟာ မလေးရှားဒေသစံတော်ချိန် ညနေ(၅)နာရီမှာ ကျမ်းသစ္စာကျိမ်ဆိုမှာဖြစ်

✅ ထိုသို့ခန့်အပ်လိုက်ခြင်းကြောင့် ငါးရက်ကြာ ရွေးကောက်ပွဲအလွန် အကျပ်အတည်းတစ်ခုအဆုံးသတ်

✅ အန်ဝါဟာ မဟာသီယာမိုဟာမက်ရဲ့ အကာအကွယ်ပေးခံရတဲ့သူအဖြစ်ကနေ အကျဉ်းသားတစ်ဦးအဖြစ် ပြောင်းလဲခဲ့ရတဲ့ အနှစ်၃၀ကြာ သူ့ နိုင်ငံရေးခရီးမှာ နောက်ဆုံးတော့ဝန်ကြီးချုပ်ဖြစ်လာခဲ့

✅ စနေနေ့ကရွေးကောက်ပွဲမှာ အန်ဝါဦးဆောင်တဲ့ ညွန့်ပေါင်းအင်အားစုနှင့် ဝန်ကြီးချုပ်ဟောင်း ဟူဟစ်ဒင်ယာဆင် ဦးဆောင်တဲ့ ညွန့်ပေါင်းအင်အားစုတို့  မပြတ်မသားအနိုင်တွေနှင့် ပြီးဆုံးခဲ့

✅ အန်ဝါဟာ ၁၉၉၀ ပြည့်လွန်နှစ်​တွေမှာ ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၁၈မှာ စောင့်ဆိုင်းနေတဲ့ တရားဝင်ဝန်ကြီးချုပ်ဖြစ်လာခဲ့

✅ သူဟာ ဓမ္မတာနှင့်ဆန့်ကျင်လိင်ဆက်ဆံမှုနှင့် လာဘ်စားမှုများဖြင့် ဆယ်စုနှစ်တစ်စုနီးပါးထောင်ထဲမှာနေခဲ့ရသ ော်လည်း သူက ဒီအမှုတွေဟာ နိုင်ငံရေးအကွက်ဆင်မှုသက်သက်သာဖြစ်ဟု ပြောခဲ့

✅ အန်ဝါရဲ့ ညွန့်ပေါး်ကို မက်ကက်တန်ဟာပန်(PH)ဟာ နေရာ ၈၂ နေရာနှင့် ရွေးကောက်ပွဲအနိုင်ရခဲ့ပါတယ်။ မူဟစ်ဒင် ရဲ့ ပရစ်ကတန်နာရှင်နယ် ( PN)၇၃ နေရာရရှိခဲ့။ သူတို့နှစ်ဖွဲ့စလုံးဟာ အစိုးရဖွဲ့ဖို့ အနည်းဆုံးနေရာ ၁၁၂ နေရာ ရှိဖို့လိုအပ်

✅ နှစ်ရှည်အာဏာရခဲ့တဦ့ ဘာရစ်ဆန်ဟာ နေရာ၃၀ ပဲရရှိခဲ့ပြီး လွတ်လပ်ရေးရပြီး ၁၉၅၇ ခုနှစ်ကနေကြီးစိုးခဲ့ရာမှ အဆိုးရွားဆုံးရှုံးနိမ့်ခြင်းဖြစ်

✅ အန်ဝါနှင့်မူဟစ်ဒင်တို့နှစ်ဦးစလုံး အင်္ဂါနေ့နောက်ဆုံးထား အစိုးရအဖွဲ့စာရင်းတင်သွင်းဖို့ ပျက်ကွက်ခဲ့ပြီးနောက် ဘုရင် ဆူလ်တန် အက်ဘဒူလာအာမက်ရှားက ဝန်ကြီးချုပ်အဖြစ် အန်ဝါကိုရွေးချယ်ဆုံးဖြတ်ပေးခဲ့

Source Reuters

#Anwar_Ibrahim

#Malaysia_New_Prime_Minister

#Malaysia_Politics