Published 21 Oct 2022

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကြာသပတေးနေ့က ပထမဆုံးအကြိမ်အဖြစ် စစ်စည်းရုံးထားတဲ့ ရုရှားတွေအတွက် လေ့ကျင့်ရေးဌာနတစ်ခုကို သွားရောက်ခဲ့ပါတယ်။ ဒါဟာ စက်တင်ဘာ ၂၁ရက်မှာ ပူတင်က တစ်စိတ်တစ်ပိုင်းအနေအထား  စစ်ထဲဝင်ရန်အမိန့်ထုတ်ပြန်ကြေညာအပြီး သွားရောက်ခဲ့တဲ့ခရီးဖြစ်ပါတယ်။

ပူတင်ဟာ မော်စကိုမြို့တော်ရဲ့ အရှေ့တောင်ဖက် ရာဇန်ဒေသမှာရှိတဲ့ ပစ်ခတ်ကွင်းတစ်ခုကို သွားရောက်ခဲ့တာတွေ ရုရှား နိုင်ငံပိုင်ရုပ်သံကထုတ်လွှင့်ပြသခဲ့ပါတယ်။ အနက်ရောင်ဝတ်ဆင်ထားတဲ့ ပူတင်ဟာ အသစ်ထုတ်လုပ်ထားတဲ့ လက်ဖြောင့် ရိုင်ဖယ်သေနတ်ကို ပစ်ခတ်ခဲ့ပြီး စစ်သည်တွေကိုလည်း ပွေ့ဖက်ခဲ့ပါတယ်။

Source AFP

#Vladimir_Putin

#Mobilised_Russians_Training

#Russia_Military

Published 21 Oct 2022 ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကြာသပတေးနေ့က ပထမဆုံးအကြိမ်အဖြစ် စစ်စည်းရုံးထားတဲ့ ရုရှားတွေအတွက် လေ့ကျင့်ရေးဌာနတစ်ခုကို"/>