Published 20 October 2022

ဂျာကာတာအစ္စလမ်မစ် စင်တာရဲ့ ဧရာမ ဗလီကြီးမှာ မီးကြီးလောင်ကျွမ်းတဲ့အတွက် ကြီးမားလှတဲ့ လိပ်ခုံးပုံအမိုးကြီးဟာ ပြိုကျခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရဲ့ မြောက်ဘက်မှာတည်ရှိတဲ့ အဆိုပါဗလီကြီးဟာ ဗုဒ္ဓဟူးနေ့မှာ နာရီပေါင်းများစွာ ကြာအောင် မီးကြီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

ဗလီကြီးဟာ ပြန်လည်ပြုပြင်မွမ်းမံနေတဲ့ အချိန်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်လို့ရဲတွေက ပြောပါတယ်။ အနည်းဆုံး လုပ်သား (၄)ဦးကို ရဲက ခေါ်ယူမေးမြန်းနေပါတယ်။

“ဗလီထဲက လူတွေအားလုံးကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဘုရားသခင်ကိုကျေးဇူးတင်ရပါမယ်။ တစ်ဦးတစ်ယောက်မှ ထိခိုက်မှု မရှိခဲ့လို့” လို့ မြောက်ဂျာကာတာရဲချုပ် ကွမ်းဘီးဝီဘိုဝိုက သတင်းထောက်တွေကို ပြောပါတယ်။

Source AFP

#Grand_Mosque_fire_Jakarta

#Giant_dome

#Jakarta_Indonesia

Published 20 October 2022 ဂျာကာတာအစ္စလမ်မစ် စင်တာရဲ့ ဧရာမ ဗလီကြီးမှာ မီးကြီးလောင်ကျွမ်းတဲ့အတွက် ကြီးမားလှတဲ့ လိပ်ခုံးပုံအမိုးကြီးဟာ ပြိုကျခဲ့ပါတယ်။ "/>