#World_Health
Published 13 September 2022

 

ဆီးချိုရောဂါရှိသူ ၉၀ ရာခိုင်နှုန်းလောက်က သူတို့မှာ ဒီရောဂါရှိနေမှန်းမသိရှိကြပါဘူး။

 

ဒါဟာ သူ့ရဲ့ရောဂါလက္ခဏာတွေက နေမကောင်းဖြစ်လောက်တဲ့အထိ မခံစားရတာကြောင့် ဖြစ်နိုင်ပါတယ်။

 

ဆီးချိုရောဂါဒုတိယအမျိုးအစားက ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်လုံလောက်စွာ မထုတ်လုပ်နိုင်တဲ့အခါ ဖြစ်ပေါ်တတ်ပါတယ်။

 

ဒီရောဂါဖြစ်နေမှန်း သိသာနိုင်တာက လက်တွေဖြစ်ပြီး အထူးသဖြင့် လက်သည်းတွေကို ဂရုစိုက်ကြည့်ရှုသင့်ကြောင်း ကျွမ်းကျင်သူများက ဆိုပါတယ်။

 

ဆီးချိုရှိသူတွေက သွေးလည်ပတ်မှုစနစ်မှာ ပြဿနာရှိတာကြောင့် လက်သည်းတွေအနား နီမြန်းနေတာမျိုး ဖြစ်နိုင်ပါတယ်။

 

လက်သည်းအရင်းနားတွေနဲ့ လက်သည်းခွံပျော့လာတာတွေကို ကြည့်ရှုစစ်ဆေးသင့်ပါတယ်။

 

ဒီလူတွေက ဆီးလမ်းကြောင်းရေကြည်ဖုထွက်ခြင်း၊ သွေးထွက်ခြင်း၊ အနာဖြစ်ခြင်းများဖြစ်ပေါ်တတ်ပြီး သွေးလမ်းကြောင်းပိတ်ဆို့ကာ သွေးပေါက်ထွက်ခြင်းများ ဖြစ်တတ်ပါတယ်။

 

သွေးလှည့်ပတ်မှု မကောင်းတာကြောင့် လက်သည်းခြေသည်းတွေကတစ်ရှူးတွေက သေဆုံးသွားကာ နာတာရှည်ရောဂါသည်တွေလို လက်သည်းချိုင့်ရာများ ထွက်ပေါ်တတ်ပါတယ်။

 

ခြေသည်းတွေမှာလည်း မှိုရောဂါစွဲကပ်ခြင်းကလည်း အဖြစ်များပြီး လက်သည်းခြေသည်းတွေ အဝါရောင်ပြောင်းလာကာ ကျွပ်ဆတ်လာကြပါတယ်။

 

ဆီးချိုဒုတိယအမျိုးအစားဖြစ်နေကြောင်း သိရှိနိုင်မယ့် လက္ခဏာ ၇ ရပ်ရှိတယ်လို NHS က ဆိုပါတယ်။

 

ညအချိန်မှာ ခဏခဏအပေါ့သွားချင်စိတ်ဖြစ်တာကလည်း လက္ခဏာတစ်ရပ် ဖြစ်နေပါတယ်။

 

သွေးထဲမှာ သကြားဓာတ်များလွန်းတာကြောင့် ကျောက်ကပ်ကပိုမိုအလုပ်ရကာ ဆီးပိုသွားရစေပါတယ်။

 

ဆီးများများသွားခြင်းကြောင့် ရေဓာတ်ခန်းခြောက်ကာ မကြာခဏရေဆာတတ်ပါတယ်။

 

ဝိတ်မချဘဲနဲ့ ဝိတ်ကျခြင်း၊ အောက်ပိုင်းယားယံခြင်း၊ ထိခိုက်ဒဏ်ရာ သက်သာနှုန်းနှေးခြင်းနဲ့ အမြင်အာရုံဝေဝါးခြင်းတိုလည်း ပါဝင်နေပါတယ်။

 

ဆီးချိုဖြစ်နိုင်ချေရှိတာတွေက အသက် ၄၀ ကျော်အရွယ်၊ အဝလွန်ခြင်း၊ အာရှ၊ အာဖရိက-ကာရစ်ဘီယန်၊ လူမည်းအာဖရိကတို့ဆိုရင် ပိုဖြစ်နိုင်ပါတယ်။

 

ဒီလိုလက္ခဏာတွေ ခံစားလာရပြီဆိုရင် ဆရာဝန်နဲ့ပြသသင့်ပြီး ရောဂါရှိမှန်းစောစောသိမှ အခြားရောဂါတွေပါဖြစ်မလာအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 

Source: The Sun
#Yangon_Media_Group