Published 22 Aug 2022

အတိတ်တုန်းက လေ့လာသုတေသနပြုချက်တွေအရ  ပျင်းရိခြင်းဟာ ဉာဏ်ရည်မြင့်မားခြင်းနှင့် ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်လည်း ကိုလံဘီယာက အဲဒီအချက်ကို အသည်းအသန်ကို လေးစားလိုက်နာနေတာဖြစ်ပါတယ်။ ဒါဟာ ကျီစယ်ပြောနေတာမဟုတ်ပါဘူး။ ကိုလံဘီယာဟာ “ အပျင်းထူနေ့” ပွဲတော်ကို နှစ်စဉ်ကျင်းပနေပါတယ်။  အဲဒီရက်ကို နိုင်ငံက တရားဝင်ရုံးပိတ်ရက်အဖြစ်တောင် သတ်မှတ်ပေးထားတာဖြစ်ပါတယ်။

ကမ္ဘာ့အပျင်းထူနေ့ ကို အပျင်းထူသောနေ့လို့လည်း သိထားကြပါတယ်။ကိုလံဘီယာ၊အီတာဂွီးမြို့ရဲ့  စက်မှု၊ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုပွဲတော်ရဲ့ ပိတ်ပွဲနေ့မှာ ကမ္ဘာ့အပျင်းထူနေ့ကိုကျင်းပလေ့ရှိကြပါတယ်။ ရည်ရွယ်ချက်ကတော့ အချိန်တွေကို ကျန်းမာပျော်ရွှင်အကောင်းမြင်စွာဖြင့် အသုံးချမှုမြှင့်တင်တာလို့ဆိုပါတယ်။ အဲဒီပွဲမှာ ကိုလံဘီယာပြည်သူတွေဟာ ပဂျားမား pyjamas အိပ်ရာဝင်ဝတ်စုံတွေဝတ်ပြီး သူတို့ရဲ့အိပ်ရာတွေကိုပါ လမ်းပေါ်ဆွဲထုတ်ကြကာ ပွဲတော်ကိုဆင်နွှဲပျော်ကြပါတယ်။

ကမ္ဘာ့အပျင်းထူနေ့ကို ၁၉၈၄ခုနှစ်မှာ စတင်သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီနေ့ကလေးရဲ့ သီးခြားသဘောလက္ခဏာကတော့ ခေတ်သစ်ကမ္ဘာကြီးမှာ သက်သောင့်သက်သာ နေပြီး အနုပညာ၊ယဉ်ကျေးမှုနှင့် အနားယူကြဖို့လိုအပ်နေတာကို ထင်ဟပ်ပြသတာဖြစ်တယ်လို့သိရပါတယ်။

ယခုနှစ်မှာလည်း ဩဂုတ်လ(၂၁)ရက်နေ့မှာ “ကမ္ဘာ့အပျင်းထူနေ့”ပွဲတော်ကို ကိုလံဘီယာနိုင်ငံ အီတာဂွီးမြို့မှာ ထုံးစံအတိုင်း ကျင်းပခဲ့ကြပါတယ်။ပွဲတော်ဆင်နွှဲနေသူဟာ သူတို့သယ်လာတဲ့ အိပ်ရာတွေပေါ်မှာ ပျင်းရိငြီးငွေ့စွာ လဲလျောင်းအပန်းဖြေရင်း ဆူညံလှတဲ့တေးဂီတအသံတွေနှင့်အတူ လိုက်ပါလှည့်လည်ခဲ့ကြပါတယ်။ ကမ္ဘာ့အပျင်းထူနေ့ကို ၂၀၁၂ ခုနှစ်ကစပြီး နိုင်ငံတကာက အသိအမှတ်ပြုခဲ့တယ်လို့လည်းသိရှိရပါတယ်။

Source AFP

#World_Day_of_Laziness

#Colombia

#Itagüí

ရုပ်သံကြည့်ရန်