Published 14 August 2022

ယွန်းယွန်းလို့အမည်ပေးထားတဲ့ မိခင်ပန်ဒါကြီးက ပန်ဒါအထီးအမြွှာကလေးနှစ်ကောင်ကို ကြာသပတေးနေ့ က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ဆီပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။

ပန်ဒါအထီးကလေးတွေဟာ  ချင်လင်း ပန်ဒါကြီးသုတေသနဌာနမှာမွေးဖွားခဲ့စဉ်မှာ ၁၅၀.၅ ဂရမ်နှင့် ၁၃၄.၅ ဂရမ်ဆီ အသီးသီးကိုယ်အလေးချိန်ရှိကြပါတယ်။  သူတို့ကို မွေးပြီးပြီးချင်း သိပ်မကြာခင်မှာပဲ နို့တိုက်ကျွေးခဲ့ပြီး သူတို့လေးတွေ ကျန်းမာရေးကောင်းမွန်ကြပါတယ်။

ဒီတစ်ခါ အမြွှာကလေးတွေမွေးတာဟာ မိခင်ယွန်းယွန်းအတွက် ဒုတိယမြောက် သားမွေးတာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် ဩဂုတ်(၁၀)ရက်နေ့မှာ ပထမအကြီမ်သားမွေးခဲ့တာပါ။ အဲဒီတုန်းက သုတေသနဌာနမှာ သားမွေးတဲ့ အငယ်ဆုံးပန်ဒါမိခင် ဖြစ်ခဲ့ပါတယ်။

ချင်လင်း ပန်ဒါကြီးမျိုးဟာ ပန်ဒါကြီးမျိုးရဲ့ မျိုးခွဲအဖြစ် ၂၀၀၅ခုနှစ်မှာ ပထမဆုံးအသိအမှတ်ပြုခံခဲ့ရပါတယ်။ အဲဒီမျိုးခွဲဟာ ပိုပြီးသေးပြီးလုံးဝန်းတဲ့ ဦးခွံရှိကြပါတယ်။  မြင်တွေ့နေကျ ဆီချွမ်း ပန်ဒါမျိုးခွဲတွေထက် အမွှေးကပါး ပါတယ်။

ရှန်ဆီဟာ ချင်လင်း ပန်ဒါကြီးတွေကို သားစပ်မွေးထုတ်မှု ၁၉၈၀လွန်နှစ်များကတည်းက စတင်ခဲ့ပြီး ပြည့်စုံတဲ့ လူဖန်တီးတဲ့ မွေးမြူရေးနည်းပညာစနစ်ကို အသုံးပြုပါတယ်။ ယခုအထိ ပြည်နယ်မှာ ပန်ဒါကြီးတွေ ၃၄ ကောင် သားဖောက်ပေးပြီး ဖြစ်ပါတယ်။

Source: CCTV+

#A_giant_panda_Yongyong

#Twin_cubs_Panda

#China_Shaanxi

Published 14 August 2022 ယွန်းယွန်းလို့အမည်ပေးထားတဲ့ မိခင်ပန်ဒါကြီးက ပန်ဒါအထီးအမြွှာကလေးနှစ်ကောင်ကို ကြာသပတေးနေ့ က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း"/>