Published 26 July 2022

အာတိတ်ပင်လယ်ဖျံမလေးတစ်ကောင်ဟာ  အနားယူဖို့နေရာ ရှာဖွေဖို့ကြိုးစားရင်း နော်ဝေနိုင်ငံ မြို့တော်အောစလိုအနီးက လှေတွေအနီး ကူးခတ်ရောက်ရှိလာခဲ့ပါတယ်။

ပင်လယ်ပျော် နို့တိုက်သတ္တဝါကြီးတစ်ကောင်းဖြစ်တဲ့ အဲဒီပင်လယ်ဖျံကြီးဟာ လှေရဲ့နောက်ဘက်ကနေ အပေါ်ကိုတက်လာတာကို မြင်ရသူတွေဟာ ဇဝေဇဝါဖြစ်ကုန်ကြပါတယ်။

တကယ်တမ်းတော့ ဖရီယာလို့အမည်ပေးထားတဲ့ အဲဒီဖျံမကလေးဟာ နေပူစာလှုံရင်း အနားယူဖို့ လှေပေါ်တက်လာတာပါ။

ဖရီယာဆိုတာ စကင်ဒီနေဗီးယားရဲ့ လှပခြင်းနှင့်ချစ်ခြင်းမေတ္တာဆိုင်ရာ နတ်သမီးတစ်ပါးအမည်ပါ။

အလေးချိန်ပေါင်၁၃၀၀ရှိတဲ့ဖရီယာကြောင့် ဥရောပတစ်ခွင်က ဆိပ်ကမ်းတွေက လှေတွေ၊ လေသွင်းလှေတွေတော်တော်များများ နစ်မြုပ်ခဲ့ရပါတယ်။

အဲဒါကြောင့် အော်စလိုက သူနေပူစာလှုံပြီး အေးအေးချမ်းချမ်း နားနေနိုင်အောင် သူနှင့်ကိုက်ညီတဲ့ ရေပေါ်ဆိပ်ခံလေးတစ်ခုကို ဖန်တီးပေးထားပါတယ်။

ဖရီယာလို့အမည်ပေးထာတဲ့ အဲဒီဖျံမကလေးဟာ နေထိုင်ကောင်းနေပုံရတယ်လို့ ဒေသဆိုင်ရာ ငါးလုပ်ငန်းမန်နေဂျာ ရော့ဖ် အာရက် ဂျင်ဆင်က ပြောပါတယ်။

#Source_AFP

#Sleepy_walrus

#Freya

#Oslo_walrus