Published 11 July 2022

လာမည့် ၂၀၂၃ခုနှစ်တွင် အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံကို ကျော်ဖြတ်ကာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာလိမ့်မယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ စီးပွားရေးနှင့်လူမှုရေးရာဌာန၊လူဦးရေဌာနခွဲက ထုတ်ပြန်တဲ့ ကမ္ဘာ့လူဦးရေ   မျှော်မှန်းချက် ၂၀၂၂ မှာ အဲသလိုဖော်ပြထားတာဖြစ်ပါတယ်။

၂၀၂၂ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ၁.၄၁၂ ဘီလျံရှိတဲ့ လူဦးရေဟာ တရုတ်နိုင်ငံရဲ့ ၁.၄၂၆ ဘီလျံရှိတဲ့ လူဦးရေထက် အနည်းငယ်မျှပဲ လျော့နည်းနေတာဖြစ်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

ကုလသမဂ္ဂရဲ့ လူဦးရေခန့်မှန်းချက်ဟာ ၂၀၂၀ ဇူလိုင်မှာ ထုတ်ပြန်ခဲ့တဲ့ အိန္ဒိယအစိုးရရဲ့ အမျိုသားလူဦးရေကော်မရှင်ရဲ့ ခန့်မှန်းချက်နှင့်တော့ ကွာဟနေပါတယ်။ အဲဒီအစီရင်ခံစာအရ အိန္ဒိယနိုင်ငံမှာ ၂၀၂၃မှာ လူဦးရေ ၁.၃၉ ဘီလျံနှင့် ၂၀၂၅ အရောက်မှာ ၁.၄၁ ဘီလျံရောက်ရှိမယ်လို့ ခန့်မှန်းဖော်ပြထားတာဖြစ်ပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ လူဦးရေဟာ လာမယ့်နှစ်မှာ တရုတ်ကို ကျော်ဖြတ်လိမ့်မယ်ဆိုတောကိုတော့  ထိုကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အာမစ်တာကန်ဒူးက သဘောတူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယဟာ လက်ရှိမှာ တရုတ်ထက် လူဦးရေ တိုးပွားနှုန်း အဆမတန်မြင့်မားနေလို့ဖြစ်တယ်လို့သူကပြောပါတယ်။

#World_Populations_Day

#India_Overtake_China-in_Population_2023

#India_Populations

Source Business Standard