Published 19 June 2022

မကြာမီသမ္မတသက်တမ်းကုန်ဆုံးတော့မယ့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတီးရဲ့သမီး ဆာရာဒူတာတီး ကာပီယိုဟာ ဖိလစ်ပိုင်ရဲ့ ၁၅ ဦးမြောက် ဒုတိယသမ္မတအဖြစ် တနင်္ဂနွေနေ့ (ယနေ့)မှာ ကျမ်းသစ္စာပြုလိုက်ပြီး ရွေးကောက်ပွဲစည်းရုံးလှုံဆော်မှုတွေမှာ စိတ်ဝမ်းကွဲစေတဲ့ဖိလစ်ပိုင်မှာ အမျိုးသားညီညွတ်ရေးကို တောင်းဆိုလိုက်ပါတယ်။

“ ရှေ့လာမယ့်နေ့ရက်တွေဟာ ကျွန်မတို့အတွက်နိုင်ငံတစ်နိုင်ငံအနေနှင့် ပိုပြီးစည်းလုံးညီညွတ်ကြစေဖို့ တောင်းဆိုမယ့် စိန်ခေါ်မှုတွေ အပြည့်ပဲ” လို့ သူမရဲ့ ဇာတိမြို့ ဒါဗာအိုမှာ အခမ်းအနားမိန့်ခွန်းပြောကြားရာမှာ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။ သူမဟာ အဲဒီမြို့မှာ မိဘနှစ်ပါး အနားမှာရပ်နေစေပြီး ကျမ်းသစ္စာကျိမ်ဆိုခဲ့တာပါ။

အသက် ၄၄ နှစ်အရွယ် ဒူတာတီးကာပီယိုဟာ ဇွန်၃၀ရက်မှာ သမ္မတအဖြစ် ကျမ်းကျိန်မယ့် ဖာဒီနန်မားကို့စ် ဂျူနီယာနှင့်အတူ မေ ၉ ရက် က ကျင်းပတဲ့ ဒုသမ္မတနေရာ တွဲဖက်ယှဉ်ပြိုင်ခဲ့တာပါ။ သူတို့နှစ်ဦးဟာ ဇွန်၃၀ ရက်ကစပြီး ခြောက်နှစ်ကြာ သက်တမ်းမှာ တာဝန်ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။

Source: Reuters