Published 10 June 2022

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ရွာတော်တော်များများမှာ မြေပြိုမှုကြောင့် လူ(၇)ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေပါတယ်။

အဆက်မပြတ် သည်းထန်စွာရွာခဲ့တဲ့မိုးကြောင့် ပေးလျိုးမြို့ကြီး၊ရှီးဖင်းမြို့က ရွာတော်တာ်များများကို မြေပြိုခြင်း၊ရွှံ့နွံတွေစီးဆင်းခြင်းနှင့် လမ်းတွေပြိုကျပျက်စီးခြင်းတွေ ဖြစ်စေခဲ့ပါတယ်။ သစ်ပင်တွေကို အမြစ်ကနေနှုတ်ပြီး အိမ်တွေပေါ်လဲကျတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ ခက်ခဲစေခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့သူကိုရှာဖွေဖို့နှင့် အပျက်အစီးတွေရှင်းလင်းဖို့အတွက် ဒေသမီးသတ်သမားတွေနှင့် အရေးပေါ်ဌာနဝန်ထမ်းတွေဟာ အစွမ်းကုန်ကြိုးစားနေကြပါတယ်။

သဘာဝဘေးကြောင့် လျှပ်စစ်ကြိုးတွေပါပျက်စီးသွားတဲ့အတွက် ရွာပေါင်း(၆)ရွာက အိမ်ထောင်စုပေါင်း ၆၅၀၀ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပါတယ်။

ပေးလျှိုးမြို့လျှပ်စစ်ဌာနက မီးပြန်ရဖို့ အရေးပေါ်ကြိုးစားဆောင်ရွက်ခဲ့ရာမှာ  အိမ်ထောင်စု ၂၀၀၀ခန့်မီးပြန်ရပေမယ့် ပျက်စီးနေတဲ့လမ်းအချို့ကို သွားလို့မရဖြစ်နေတုန်းပဲလို့သိရပါတယ်။

Source CMG