Published 10 June 2022

ပေါ့စတား ဘရစ်တနေစပီးယားဟာ သူမနှင့်စေ့စပ်ထားတဲ့ ဆမ်အက်ဂါရီနှင့် ဇွန်လ၁၀ရက် ကြာသပတေးနေ့ညက ကာလီဖိုနီးယားက သောင်ဇင်အုတ်မြို့က သူမရဲ့အိမ်နောက်ဖေးကွက်လပ်မှာ လက်ထပ်လိုက်ကြပါတယ်။

စပီးယားက သူတို့ရဲ့ မင်္ဂလာပွဲကို မက်ဒွန်ား၊ပါရစ်ဟီလ်တန်၊ဒရူးဘာရီမိုးနှင့် သူမရဲ့ မင်္ဂလာဝတ်စုံကို ဒီဇိုင်းထုတ်ပေးတဲ့ ဒွန်နက်တီလာဗာဆက်တို့ကို ဖိတ်ကြားခဲ့ပါတယ်။

အဲဒီအပြင် သူမရ့ရှေ့နေ မက်သျူးရိုဆင်ဂတ်နှင့် “Piece of Me” အမ်တီဗွီမှာ အတူကခုန်ပေးတဲ့ လားဗီးဂါးစ်က ကချေသည်  တွေလည်းတက်ရောက်ပါတယ်။

ဒါပေမယ့် စပီးယားရဲ့မိဘတွေဖြစ်တဲ့ ဂျေမီစပီးယားနှင့် လင်းစပီးယား၊ညီမ ဂျေမီလင်းစပီးယား၊ သူမရဲ့သားတွေဖြစ်တဲ့ ရှောင်ပရက်စတွန်နှင့်‌ ဂျေဒီဂျိမ်းစ်တို့ကို မင်္ဂလာပွဲမှာ မတွေ့ရပါဘူး။

သူမရဲ့အစ်ကို ဘရိုင်းစပီးယားတစ်ဦးတည်း တက်ရောက်ပါတယ်။

ပွဲစစချင်းပဲ စပီးယားရဲ့ မိန်းမပွေတဲ့ ပထမခင်ပွန်း အဆိုတော် ဂျေဆင် အဲလက်ဇင်းဒါးဟာ ကြာသပတေးနေ့ ညနေခင်းမှာ မင်္ဂလာပွဲထဲ ဝင်ရောက်နှောက်ယှက်ဖို့ကြိုးစားလို့ ရဲကဖမ်းဆီးခဲ့ရပါတယ်။

အဲဒီအဖြစ်အပျက်ကြောင့် စပီးယားဟာ အတော်တုန်လှုပ်သွးတယ်လို့ ဆိုပါတယ်။

အသက်၄၀အရွယ်စပီးယားနှင့် အသက်၂၈နှစ်ရှိတဲ့ အက်ဂါရီတို့ဟာ ငါးနှစ်နီးပါး ချစ်သူဖြစ်ခဲ့ကြပြီးနောက် ၂၀၂၁ စက်တင်ဘာ တုန်းက စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။

Source: NY Post