#WorldHealth
Published 23 May 2022

 

မီးဖိုချောင်ထဲက အသုံးအများဆုံးဟင်းချက်ပစ္စည်းတွေထဲမှာ ဆီလည်းပါဝင်ပါတယ်။

 

သင့်လျော်တဲ့ဟင်းချက်ဆီကို ရွေးချယ်အသုံးပြုခြင်းက အရသာထူးကဲကောင်းမွန်စေသလို ကျန်းမာရေးအတွက်လည်း အဟာရဓာတ်အမျိုးမျိုးရရှိစေပါတယ်။

 

စားစရာပြုလုပ်ရာမှာ ဆီအသုံးများတဲ့ အိန္ဒိယနိုင်ငံကအိမ်တွေမှာ ဆီတွေအလဟဿမဖြစ်အောင် သုံးပြီးသားဆီတွေကို ပြန်လည်သုံးစွဲလေ့ရှိကြပါတယ်။

 

ဒီလိုပြန်လည်သုံးစွဲခြင်းက အဆိပ်အတောက်ဖြစ်စေပြီး ကျန်းမာရေးပြဿနာများဖြစ်ပေါ်လာနိုင်ပါတယ်။

 

ဒါဆိုရင် အသုံးပြုပြီးသားဆီတွေကို ပြန်လည်သုံးစွဲခြင်းကြောင့် ကျန်းမာရေးကို ဘယ်လိုမျိုးထိခိုက်စေနိုင်သလဲ?

(၁) ခန္ဓာကိုယ်ကိုအဆိပ်အတောက်ဖြစ်စေပြီး နှလုံးနှင့်မှတ်ဉာဏ်ပိုင်းချို့ယွင်းမှု ဖြစ်ပေါ်နိုင်ခြင်း
- အသုံးပြုပြီးသားဆီကို ထပ်မံအပူပေးမယ်ဆိုရင် Aldehydes နဲ့ HNE တို့လို အဆိပ်အတောက်ဓာတုပစ္စည်းများ ပိုမိုများပြားစွာဖြစ်ပေါ်လာပါတယ်။

 

- Aldehydes ကြောင့် နှလုံးပုံမှန်အလုပ်မလုပ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အယ်လ်ဇိုင်းမားရောဂါနဲ့ ပါကင်ဆန်ရောဂါတို့ဖြစ်ပေါ်နိုင်ပြီး HNE ကတော့ ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေကာ DNA, RNA နဲ့ ပရိုတိန်းလုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။

(၂) မကောင်းတဲ့ကိုလက်စ်ထရောလ်များပြားလာခြင်း
- အမည်းရောင်ပါတဲ့ အသုံးပြုပြီးသားဆီတွေကို ထပ်မံအပူပေးလိုက်ပါက အဆီဓာတ်တွေများစွာထွက်လာပြီး ကျန်းမာရေးထိခိုက်စေပါတယ်။

 

- မကောင်းတဲ့ ကိုလက်စ်ထရောလ်(LDL)ပမာဏ ခန္ဓာကိုယ်ထဲများလာတဲ့အခါ လေဖြတ်ခြင်း၊ အဝလွန်ခြင်း၊ အစာမကြေခြင်းနဲ့ နှလုံးရောဂါတို ဖြစ်ပွားလာနိုင်ပါတယ်။

(၃) အက်ဆစ်ဓာတ်များလာကာ အချဉ်ပေါက်ခြင်း
- အသုံးပြုပြီးသား ဆီတွေက ရေငွေ့၊ လေ၊ အလင်းရောင်နဲ့ထိတွေ့တဲ့အခါ အချဉ်ထပြီးဆီချေးစော်နံတာမျိုး ဖြစ်တတ်ပါတယ်။

 

- ဆီတွေကိုအပူပေးလိုက်တိုင်းမှာ အမှုန်လေးတွေက ပြောင်းလဲသွားပြီး ဆီရဲ့အနံ့နဲ့ အရသာကို ဆိုးရွားစွာ ပြောင်းလဲစေပါတယ်။

- ဒီလိုဆီတွေပါဝင်တဲ့ အစားအစာစားမယ်ဆိုရင် အက်ဆစ်ဓာတ်များလာပြီး အစာအိမ်ထိခိုက်ကာ လည်ချောင်းပြဿနာများ ဖြစ်ပေါ်တတ်ပါတယ်။

(၄) ရောင်ရမ်းခြင်းနဲ့ ကင်ဆာဖြစ်နိုင်ချေများပြား
- သုံးပြီးသားဆီ ပြန်လည်သုံးစွဲခြင်းက PAH နဲ့ Aldehydes ပစ္စည်းများဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်ထဲ ရောင်ရမ်းခြင်းနဲ့ ကင်ဆာရောဂါဖြစ်ပေါ်လာနိုင်ပါတယ်။

 

- အဆိုပါ အခြေအနေကို လစ်လျူရှုထားပါက ကိုယ်ခံအားကျဆင်းလာပြီး ရောဂါဘယများဝင်ရောက်လာနိုင်ပါတယ်။

 

Source: Pinkvilla.
#Yangon_Media_Group