#အမေရိကန်ကွန်တိန်နာသင်္ဘော SS Mayaguez သင်္ဘောကိုကမ္ဘောဒီးယားတပ်များကသိမ်းပိုက်

မေ ၁၂ ၊ ၁၉၇၅ ခုနှစ် ဗီယက်နမ်မြို့တော် ဆိုင်းဂုံကျရှုံးပြီးနောက်တစ်နေ့ ၁၉၇၅ခုနှစ် မေလ(၁၂)ရက်တွင် ခမာရုတပ်များက အမေရိကန်ကွန်တိန်နာသင်္ဘော SS Mayaguez ကို စီးနင်းသိမ်းပိုက်ကာ သင်္ဘောသားများကို ကမ္ဘောဒီးယားကမ်းခြေသို့ ချထားခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်မရိန်းတပ်က သင်္ဘောနှင့် သင်္ဘောသားများကိုဖမ်းထားသည့် ခိုတန်ကျွန်းကို ဝင်ရောက်စီးနင်းခဲ့သည်။

မေ(၁၂)ရက် ထင်ရှားကမ္ဘာ့ဖြစ်ရပ်အချို့က..

၁၈၉၇

တက်ဆာလီစစ်ပွဲ- တူရကီတပ်က ဂရိကိုအနိုင်တိုက်

၁၉၂၅

ဥဇဘက်ကစ္စတန်နှင့်ကီဂျစ်စတန်တို့ အထူးအုပ်ချုပ်ခွင့်ရ ဆိုဗီယက်သမ္မတနိုင်ငံများဖြစ်လာ

၁၉၄၃

ဂျာမန်တပ်များက တူနီးရှား၊မြောက်အာဖရိကတွင် လက်နက်ချ

၁၉၈၄ တောင်အာဖရိကအကျဉ်းသား နယ်လ်ဆင်မင်ဒဲလား ဇနီးဖြစ်သူ ဝင်နီမင်ဒဲလားနှင့် ၂၂နှစ်ခွဲနေရပြီးပထမဆုံးတွေ့ခွင့်ရ

၁၉၉၁

ပစိဖိတ်အနောက်မြာက်ရှိ ရှားပါးအပင်တစ်ပင်၏ အခေါက်မှထုတ်ယူရသည့် ကင်ဆာဆေးဝါးသစ်ကြေညာ