#WorldHealth
Published 12 May 2022

 

ဖိုင်ဇာဘိုင်အိုတက်ခ်မှထုတ်လုပ်တဲ့ ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံခြင်းက ရောဂါကာကွယ်နိုင်စွမ်းကို သိသိသာသာမြင့်တင်ပေးနိုင်ကြောင်း ရှီဘာဆေးဘက်ဆိုင်ရာစင်တာနဲ့ တဲလ်အဗစ်တက္ကသိုလ်တို့မှ အစ္စရေးသုတေသီများက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

 

တတိယအကြိမ်ကာကွယ်ဆေးထိုးခြင်းရဲ့ထိရောက်မှုက ရောဂါကူးစက်မှုကို ကာကွယ်ရာမှာ ရှေ့နှစ်ကြိမ်ထိုးနှံခြင်းထက် ၈၅.၆ ရာခိုင်နှုန်းပိုများကြောင်း Nature Immunology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

အားမြှင့်ကာကွယ်ဆေးရဲ့ ထိရောက်မှုကို သုံးသပ်လေ့လာရန် ကာကွယ်ဆေး ၂ ကြိမ်ထိုးထားပြီး ကိုဗစ်မကူးစက်ဖူးသေးတဲ့ ကျန်းမာရေးဝန်ထမ်း ၁၂,၂၉၀ ဦးမှာ ထိုးနှံစမ်းသပ်ခဲ့ကြပါတယ်။

ထို ၁၂,၂၉၀ ဦးကို PCR test ဖြင့်စစ်ဆေးခဲ့ရာ ၄၀၇ ယောက်မှာ ရောဂါပိုးတွေ့ရှိခဲ့ကြပါတယ်။

 

ထိုထဲက ၂ ဦးက တတိယအကြိမ်ထိုးနှံပြီးနောက် ဝေဒနာများခံစားရတာကြောင့် ဆေးရုံတက်ကုသခံခဲ့ရပါတယ်။

 

တစ်ဦးက ခေါင်းတခြမ်းကိုက်ခြင်းမျိုးခံစားရပြီး နောက်တစ်ဦးကတော့ သွေးထဲကဆိုဒီယမ်ပမာဏနည်းခြင်းမျိုး ခံစားခဲ့ရတာပါ။

 

အများစုကတော့ တတိယအကြိမ်ထိုးနှံပြီးနောက် သာမန်ခံစားမှုမျိုးသာကြုံတွေ့ကြရပြီး အသက် ၆၀ အောက် အမျိုးသမီးတွေက ငယ်ရွယ်သူများထက် ဝေဒနာပိုမိုခံစားရကြောင်း တွေ့ရှိခဲ့ပါတယ်။

 

ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာတော့ နွမ်းနယ်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ အဖျားတက်ခြင်းတို့ဖြစ်ပေါ်ခဲ့ပါတယ်။

 

ရောဂါကူးစက်ခြင်းကို တားဆီးပေးတဲ့ ပဋိပစ္စည်းပမာဏက ဒုတိယအကြိမ်ထိုးနှံခြင်းကထက် ပိုများလာခဲ့ပါတယ်။

 

တတိယအကြိမ်ထိုးနှံခြင်းမှရရှိတဲ့ ပဋိပစ္စည်းတွေဟာ ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုကိုလည်း ကာကွယ်နိုင်မှာဖြစ်တယ်လို့ လေ့လာချက်မှာ ပါရှိပါတယ်။

 

Source: The Jerusalem Post.
#Yangon_Media_Group