#WorldHealth
Published 13 May 2022

နာတာရှည်စိတ်ဖိစီးမှုများခြင်းက အမျိုးသမီးတွေရဲ့မျိုးဥအိမ်ထဲက မျိုးဥအရေအတွက် ကျဆင်းစေပြီး မျိုးအောင်နိုင်စွမ်းထိခိုက်စေကြောင်း လေ့လာချက်မှာဖော်ပြထားပါတယ်။

 

တရုတ်သုတေသီများက ကြွက်မများဖြင့် စမ်းသပ်ကြရာ အဖွဲ့သုံးဖွဲ့ခွဲပြီး စိတ်ဖိစီးမှုဖြစ်လာအောင် အော်ဟစ်ခြင်း၊ ဆူညံသံပြုလုပ်ခြင်း၊ နောက်ခံသံပြုလုပ်ခြင်းများကို ၃ ပတ်တိုင်‌‌‌အောင် နေ့စဉ် ၆ နာရီ နားထောင်ခိုင်းခဲ့ပါတယ်။

 

အော်ဟစ်သံကိုနားထောင်ခိုင်းခဲ့တဲ့ ကြွက်မတွေက မွေးဖွားတဲ့အခါ အကောင်ရေသိသိသာသာနည်းပါးသွားခဲ့ပါတယ်။

 

ဒီလိုဖြစ်ရတာဟာ အီစထရိုဂျင်အမျိုးသမီးဟော်မုန်းနဲ့ မျိုးဥအိမ်များရှိ မျိုးပွားဆဲလ်များနဲ့ ဆက်စပ်နေတဲ့ အန်တီမူလေရီယန်ဟော်မုန်းများ နည်းပါးသွားတာကြောင့်ဖြစ်ကြောင်း သိပ္ပံပညာရှင်များရှင်းပြလိုက်ပါတယ်။

 

စိတ်ဖိစီးမှုက အဓိကဟော်မုန်းထွက်ရှိမှုကို တားဆီးပေးပြီး မျိုးပွားနိုင်စွမ်းကို ထိခိုက်စေကာ ဓမ္မတာ ရပ်တန့်သွားတဲ့အထိ ဖြစ်တတ်ပါတယ်။

 

စိတ်ဖိစီးမှုက အမျိုးသားတွေမှာလည်း မျိုးအောင်နိုင်စွမ်းကျဆင်းစေပြီး တက်စ်တိုစထရုန်းဟော်မုန်းလျော့နည်းကာ သုတ်ပိုးအရေအတွက်နည်းပါးစေပါတယ်။

 

တရုတ်မြောက်ပိုင်းရှိ ရှန်ကျိုတုန်တက္ကသိုလ်မှသုတေသီများက ကြွက်မအကောင် ၁၀၀ ကို စိတ်ဖိစီးမှုများ အောင်ပြုလုပ်ပြီး Endocrinology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

ကြွက် ၃ ပုံ ၁ ပုံကို မနက်နဲ့ညနေတိုင်း ၃ နာရီကြာအောင် အော်ဟစ်သံများနားထောင်စေခဲ့ပါတယ်။

 

နောက်ထပ် ၃ ပုံ ၁ ပုံက ကြိမ်နှုန်းအားလုံးရဲ့ဆူညံသံများ နားထောင်စေခဲ့ပြီး ကျန်တဲ့ကြွက်တွေကိုတော့ နောက်ခံအသံများဖြင့်သာ စမ်းသပ်ခဲ့ကြပါတယ်။

 

ရက်အနည်းငယ်ကြာပြီးနောက် မျိုးဥအရေအတွက်နဲ့ ဟော်မုန်းပမာဏကို စစ်ဆေးခဲ့ကြပါတယ်။

 

အော်ဟစ်သံများ နားထောင်စေခဲ့တဲ့ ကြွက်မတွေက အကောင်ရေအနည်းဆုံးပေါက်ဖွားခဲ့ပြီး နောက်ခံအသံသာ နားထောင်ခိုင်းခဲ့တဲ့ ကြွက်တွေက အများဆုံးမွေးဖွားနိုင်ခဲ့ပါတယ်။

 

အော်ဟစ်သံဖြင့် စမ်းသပ်ခဲ့တဲ့ ကြွက်မ‌တွေရဲ့ မျိုးဥတွေကိုလေ့လာကြည့်ရာမှာ ဆဲလ်ထိခိုက်ပျက်စီးမှုများ တွေ့ရပါတယ်။

 

အဆိုပါ အချက်အလက်တွေအရ စိတ်ဖိစီးခြင်းက မျိုးဥအရေအတွက် ထိခိုက်တာနဲ့ ဆက်စပ်နေတယ်လို့ ကောက်ချက်ချနိုင်ကြောင်း ဒေါက်တာ’ဝမ်ယန်’က ဖော်ပြထားပါတယ်။

 

ဒီတွေ့ရှိချက်က လက်ရှိ‌ဆေးပညာအပေါ် တိုးတက်မှုရှိလာစေမှာဖြစ်ပြီး မျိုးဥလျော့နည်းရတဲ့အခြေအနေကို သဘောပေါက်လာစေမှာဖြစ်ပါတယ်။

 

Source: DailyMail
#Yangon_Media_Group